• Follow Us on

Home ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် အလုပ်သမားစေလွှတ်လက်ခံနိုင်ရေးကိစ္စများကို အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးပြောဆို

ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် အလုပ်သမားစေလွှတ်လက်ခံနိုင်ရေးကိစ္စများကို အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် အလုပ်သမားစေလွှတ် လက်ခံနိုင်ရေးကိစ္စများကို အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်များပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများဖြေရှင်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ပိုင်းတွင် Virtual ဖြင့် ကျင်းပခဲ့သည်။

 

“ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တာဆီးရေးလမ်းညွှန်ချက်တွေနဲ့အညီ ထိုင်းနိုင်ငံသို့ (MoU) စနစ်နဲ့ အလုပ်သမားစေလွှတ် လက်ခံနိုင်ဖို့ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးပြီး ရွှေ့ပြောင်းလုပ်သားတွေ စေလွှတ်နိုင်ဖို့ အထက်ဌာနတွေကို တင်ပြပြီး လမ်းညွှန်ချက်တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အေဂျင်စီ ဖြင့်လည်းကောင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားများအား မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ စင်ကာပူနိုင်ငံသို့ ၂၁၈၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၂၅ ဦး၊ ဂျပန်နိုင်ငံသို့ ၂၆၂ ဦး၊ မလေးရှားနိုင်ငံသို့ ၈၄ ဦးနှင့် အခြားသော ၄၁ နိုင်ငံသို့ ၈၀၈ ဦး၊ စုစုပေါင်း အလုပ်သမား ၃၅၆၄ ဦးကို စေလွှတ်ခွင့်ပြုပေးခဲ့ရာ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ စ၍ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ် လျက်ရှိရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး ၊ စုစုပေါင်း ၃၅၆ ဦး စေလွှတ်နိုင်ခဲ့ ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post