• Follow Us on

Home ထိုင်းမရိန်းတပ်ဖွဲ့ဝင်သင်တန်းသားများ တရုတ်ထုတ်နှင့် အမေရိကန်ထုတ် ကုန်းရေနှစ်သွယ်သွား အပေါ့စား တင့်ကားများ/သံချပ်ကာကားများနှင့် စစ်ရေးလေ့ကျင့်

ထိုင်းမရိန်းတပ်ဖွဲ့ဝင်သင်တန်းသားများ တရုတ်ထုတ်နှင့် အမေရိကန်ထုတ် ကုန်းရေနှစ်သွယ်သွား အပေါ့စား တင့်ကားများ/သံချပ်ကာကားများနှင့် စစ်ရေးလေ့ကျင့်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

ထိုင်းနိုင်ငံ မရိန်းတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံ နော်ရင်ကိုကုမ္ပဏီထုတ် VN16 ကုန်းရေနှစ်သွယ်သွားအပေါ့ စားတင့်ကားများနှင့် အမေရိကန်ထုတ် AAV7A1 ကုန်းရေနှစ်သွယ်သွားအပေါ့စားသံချပ်ကာယာဉ်များ အသုံးပြု ၍ စစ်ရေးလေ့ကျင့်ခဲ့ကြောင်းသိရသည်။

 

ထိုင်းစစ်တက္ကသိုလ်အကြိုဗိုလ်လောင်းသင်တန်းအထက်တန်းကျောင်း AFAPS (Armed Forces Academies Preparatory School) အပတ်စဉ် ၆၄ မှ ပထမနှစ်သင်တန်းသားများသည် နော်ရင်ကိုကုမ္ပဏီထုတ် VN16 ကုန်းရေနှစ်သွယ်သွား အပေါ့စားတင့်ကားများနှင့် အမေရိကန်ထုတ်  AAV7A1 ကုန်းရေနှစ်သွယ်သွားအပေါ့စား သံချပ်ကာ ယာဉ်များ၏ တိုက်ခိုက်ရေးစွမ်းရည်များကို စူးစမ်းလေ့လာခဲ့ကြသည်။

 

VN16 ကုန်းရေနှစ်သွယ်သွားအပေါ့ စားတင့်ကားများကို ၂၀၂၁ ခုနှစ် မေလအတွင်းက မရိန်းတပ်မဌာနချုပ်လက် အောက်ရှိ ကုန်းရေနှစ်သွယ်သွား အပေါ့စားတင့်ကား/ သံချပ်ကာကား တပ်ရင်းသို့ ပို့ဆောင်ခဲ့သည်။ ယင်းအပေါ့ စားတင့်ကားများသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက နှုတ်ဆက်ပွဲတွင် ပထမဦးဆုံးအကြိမ် သရုပ်ပြခဲ့ပြီး ဖြစ်သည်။

 

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် VN16 ကုန်းရေနှစ်သွယ်သွားအပေါ့ စားတင့်ကားများသည် အမေရိကန်ထုတ် AA V7A1 ကုန်းရေနှစ်သွယ်သွားအပေါ့စားသံချပ်ကာယာဉ်များနှင့်အတူ ပင်လယ်ပြင်မှ ကမ်းတက်လေ့ကျင့်ရေး သင်ခန်းစာများကို လေ့ကျင့်ခဲ့သည်။ AAV7A1 ကုန်းရေနှစ်သွယ်သွားအပေါ့စားသံချပ်ကာယာဉ်များကို ထိုင်းနိုင် ငံမှ Chaiseri Metal & Rubber Co. Ltd က ပြန်လည်အဆင်မြှင့်တင်ခဲ့သည်။

 

နော်ရင်ကို ကုမ္ပဏီထံမှ ဒေါ်လာ ၁၂၅ သိန်းကျော် တန်ဖိုးရှိ ကုန်းရေနှစ်သွယ်သွားအပေါ့စားတင့်ကား (Phase 1) သုံးစီးကို ဝယ်ယူမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက တော်ဝင်ထိုင်းရေတပ်ဌာနချုပ် စစ်လက်နက်ပစ္စည်းဝယ်ယူရေးနှင့် ဈေးနှုန်းသတင်းအချက်အလက်စုံစမ်းရေးဌာနက ကြေညာခဲ့ပြီး ရှစ်လအကြာ တွင် အဆိုပါယာဉ်သုံးစီးအားပို့ဆောင်ခဲ့သည်။

 

ထိုင်းမရိန်းတပ်ဖွဲ့က VN16 ကုန်းရေနှစ်သွယ်သွားအပေါ့ စားတင့်ကား (Phase 2) နောက်ထပ် သုံးစီးထပ်မံဝယ် ယူလိုပြီး ကာကွယ်ရေးအသုံးစရိတ်ဖြတ်တောက်ခြင်းမရှိပါက VN16 အပေါ့စားတင့်ကား ၉ စီးမှ ၁၂ စီးအထိဝယ် ယူသွားရန် စီစဉ်ထားသည်။

 

ပြည်ပနိုင်ငံများသို့တင်ပို့ရန် VN16 အပေါ့စားတင့်ကားဟု သိထားကြသည့် ZTD-05 အပေါ့စားတင့်ကားမှာ မရိကန်းတပ်များအတွက် တရုတ်နိုင်ငံ နော်ရင်ကိုကုမ္ပဏီကထုတ်လုပ်သော ကုန်းရေနှစ်သွယ်သွားအပေါ့စား တင့်ကားဖြစ်သည်။

 

ZTD-05 သို့မဟုတ် VN16 အပေါ့စားတင့်ကားသည် အားကောင်းသောခေတ်မီအင်ဂျင်တပ်ဆင်ထားပြီး ရေထဲ တွင် တစ်နာရီ ၄၅ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်သည်။ ကုန်းပေါ်တွင် အမြင့်ဆုံးတစ်နာရီ ၆၅ ကီလိုမီတာနှှုန်း ဖြင့်မောင်းနှင်နိုင်ပြီး တစ်ဆက်တည်း ကီလိုမီတာ ၅၀၀ အထိ မောင်းနှင်နိုင်သည်။

 

ZTD-05 အပေါ့စားတင့်ကားတွင် ၁၀၅ မမ အမြောက်တစ်လက်နှင့်  ၇.၆၂ မမ စက်သေနတ်တစ်လက် တပ်ဆင်ထားသည့်အပြင် အမြောက်တင်ဆုံလည်ဘေးတစ်ဘက်တစ်ချက်တွင် မီးခိုးဗုံးပစ်ခတ်နိုင်သော လောင် ချာ လေးလက်စီတပ်ဆင်ထားသည်။

 

Ref: Thai Marines demonstrate use of NORINCO VN16 Light Amphibious Tanks and AAV7A1s

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Thai Marines demonstrate use of NORINCO VN16 Light Amphibious Tanks and AAV7A1s

 

#PeopleMedia


Share this post