• Follow Us on

Home ထိုင်းသို့တရားမ၀င်ခိုးဝင်ခဲ့သည့်ဘုရားသုံးဆူမှ မြန်မာအမျိုးသမီးကို ထိုင်းစစ်သားများဖမ်းဆီး


Share this post

 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ထိုင်းသို့တရားမဝင်ခိုးဝင်ခဲ့သည့်ဘုရားသုံးဆူမှ မြန်မာအမျိုးသမီးကို ထိုင်းစစ်သားများဖမ်းဆီး
…………………………………………….
 
ကန်ချာနာဘူရီ၊ ဒီဇင်ဘာ ၂၃
 
ဆန်ခလာဘူရီမြို့မှတဆင့်ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်ခဲ့သည့်မြန်မာအမျိုးသမီးတယောက်ကို ထိုင်းစစ်သားများက ဗုဒ္ဓဟူးနေ့တွင်ဖမ်းဆီးခဲ့သည်။
 
ဒီးဆီဆိုသည့်အသက် ၃၆ နှစ်ရှိသူအမျိုးသမီးက နယ်စပ်သံဆူးကြိုးစည်းရိုးကိုကျော်ဝင်ခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
၂၀၀၉ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် ထုတ်ပေးခဲ့သည့်မှတ်ပုံမတင်ထားသူဖြစ်ကြောင်းအထောက်အထား ကတ်ကိုင်ထားကြောင်းတွေ့ရပြီး ယခုနှစ်၊ ဇွန် ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
 
ဘုရားသုံးဆူတွင်နေထိုင်ကြောင်း ထိုအမျိုးသမီးကပြောပြီး ထိုင်းဘက်တွင်ကျောင်းတက်နေသည့်သူ၏ကလေး ၂ ယောက်ထံသွားလည်လိုကြောင်းလည်း ပြောပြသည်။
 
ဆန်ခလာဘူရီရဲတပ်ဖွဲ့ထံ သူ့ကိုမလွှဲပြောင်းခင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိစစ်ဆေးခဲ့ကြောင်းလည်း ထိုင်းစစ်တပ်ကပြောသည်။
 
Ref : Myanmar woman arrested for illegal entry
 
#PeopleMedia

Share this post