• Follow Us on
Latest News

Home ထိုင်းနိုင်ငံက မြန်မာကလေးငယ်များ ဆရာ၊ဆရာမ မရှိ၍ ပညာသင်ကြားရန် ခက်ခဲနေ

ထိုင်းနိုင်ငံက မြန်မာကလေးငယ်များ ဆရာ၊ဆရာမ မရှိ၍ ပညာသင်ကြားရန် ခက်ခဲနေ

Share this post

ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ် ရနောင်းက မြန်မာကလေးငယ်တွေ ပညာပြန်လည် သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး
ချက်တူ မွန်ခွန် ဆော်နက်ကူလ်ပြောပါတယ်။

မြန်မာနိုင်ငံသံအမတ် ဦးမျိုးမြင့်သန်းနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ စက်တင်ဘာ
၁၀ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက် ထိုင်းအလုပ်သမားဝန်ကြီးက အခုလိုပြောကြားခဲ့ တာဖြစ်ပါတယ်။

ရနောင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို ထိုင်းအစိုးရက ပိတ်ပစ်ခဲ့ပြီး မြန်မာနိုင်ငံက ဆရာ၊ဆရာမ ၃၂ ယောက်ကို မောင်းထုတ်ခဲ့တာကြောင့် ရနောင်းက မြန်မာကေ လးငယ်တွေဟာ ပညာသင်ကြားဖို့ အခက်အခဲရှိနေကြတာဖြစ်ပါတယ်။

ရနောင်းက မြန်မာကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေဟာ ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်နဲ့ စာသင်ကြားတဲ့ အလုပ်ကို လုပ်ကိုင်တာက အလုပ်သမားဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ထိုင်းအစိုးရက မြန်မာဆရာ၊ဆရာမ ၃၂ ယောက်ကို ထိုင်းဘတ် ၅၀၀၀ ဒဏ်ရိုက်ခဲ့ပြီး နိုင်ငံက မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာသံအမတ်အနေနဲ့ ရနောင်းက မြန်မာကလေးငယ်တွေရဲ့ ပညာရေးအတွက် စိုးရိမ် ပူပန်နေပြီး ၄င်းတို့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး မြန်မာကေ လးင ယ်တွေ ပြန်လည်ပညာသင်ကြားနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ထိုင်း အလုပ် သမားဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Ref;Bangkok Post


Share this post