• Follow Us on

Home ထီးချိုင့်မြို့နယ်၌ သစ်ထုတ်နေသော ကုမ္ပဏီပိုင်ယာဉ်ကြီး (၆) စီးနှင့် စက်လှေတို့ကို မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့ ကြောင်း ထီးဖြူ PDF အဖွဲ့ ထုတ်ပြန်

ထီးချိုင့်မြို့နယ်၌ သစ်ထုတ်နေသော ကုမ္ပဏီပိုင်ယာဉ်ကြီး (၆) စီးနှင့် စက်လှေတို့ကို မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့ ကြောင်း ထီးဖြူ PDF အဖွဲ့ ထုတ်ပြန်

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၌ သစ်များထုတ်နေသော ကုမ္ပဏီပိုင် ယာဉ်ကြီး ၆ စီးနှင့် စက်လှေတို့ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ထီးချိုင့်မြို့နယ်မှ ထီးဖြူ PDF မှ ထုတ်ပြန်ထားသည်။

 

သစ်ထုတ်လုပ်နေသော ကုမ္ပဏီ၏ စက်ယန္တရားများဖြစ်သော သစ်တင်ကလပ် (၃) စီး၊ သစ်သယ်ယာဉ်ကား (၂) စီး၊ သစ်တင်ကရိန်း (၁) စီး၊ စီဘီသံခွန်(၁)စီး၊ စက်လှေ(၁)စီးတို့ကို ထီးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲ မီးရှို့ဖျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များသည် PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သလို လက်ရှိ အချိန်၌ လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တိုင်းဒေသကြီးဖြစ်သည်။

 

Photo – ထီးချိုင့် PDF

 

#PeopleMedia #ထီးချိုင့်

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post