• Follow Us on

Home ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး (၂) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး (၂) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးအတွင်းသို့ ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်က PDF များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး (၂) ဦးသေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄) ရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များ ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် PDF (၃)ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရာအိမ်မှူး ဦးမြင့်ဝေ (ခ)ဦးပု၊ (၅၂) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဆယ်အိမ်မှူး ဦးဖြိုးကိုကိုမောင် (၂၈)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ရာအိမ်မှူး ဒေါ်ခင်ဆွေဝင်း (၆၅)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဆိုင်ကယ်ကယ်ရီမောင်း ဦးအောင်ဝင်း (၃၁) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး၊ ရာအိမ်မှူး ဦးထွန်းထွန်းဝင်း (၄၆) နှစ်တွင် ဦးခါင်းကျည်ထိမှန် ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ကာ ရာအိမ်မှူး ဦးဝင်းမြင့်၊ (၆၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာ (၃)ချက် ရရှိ ခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်နေစဉ် ညနေ ၅ နာရီဝန်းကျင်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

Photo – သေဆုံးသွားသည့်ရာအိမ်မှူး (၂) ဦးအားတွေ့ရစဉ်

 

#PeopleMedia

 

(unicode)


…………………………………………….

 


 


 


 


 

#PeopleMedia


Share this post