• Follow Us on

Home အမည်မသိ လက်နက်ကိုင်များမှ မြေငူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အစ်ကိုဖြစ်သူအား လမ်းပြခေါ်ဆောင်သွား ကာ သေနတ်ဖြင့် ပစ်သတ်

အမည်မသိ လက်နက်ကိုင်များမှ မြေငူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အစ်ကိုဖြစ်သူအား လမ်းပြခေါ်ဆောင်သွား ကာ သေနတ်ဖြင့် ပစ်သတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် မြေငူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အစ်ကိုဖြစ်သူအား လက်နက်ကိုင် ဆောင်ထားသည့် ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသား (၂) ဦးနှင့် အရပ်ဝတ်အမျိုးသား (၂) ဦးမှ လမ်းပြ ခေါ်ဆောင်သွားကာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၁၉)ရက် ညနေ (၇)နာရီ (၃၀)ခန့်တွင် မြေငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း နေ အိမ်သို့ ဆိုင်ကယ် (၂)စီးဖြင့် သေနတ်အရှည် (၂)လက်ပါသည့် အမည်မသိပြောက်ကျားယူနီဖောင်းဝတ် အမျိုးသား (၂)ဦးနှင့် အရပ်ဝတ်အမျိုးသား (၂)ဦးမှ ရောက်ရှိလာပြီး အဘလွှတ်လိုက်ကြောင်းနှင့် မြေငူ ကျေးရွာမှ တပယ်ကျေးရွာသို့ သွားသည့် တောလမ်းအား လိုက်လံပြသပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

 

ထို့နောက်တွင် မြေငူကျေးရွာအုပ်ချုပ်ရေးမှူးသည် ဆိုင်ကယ်ဖြင် ၎င်း၏ အစ်ကိုဖြစ်သူ ဦးဘပြုံးအား ခေါ် ဆောင်ကာ မြေငူကျေးရွာမှာ တပယ်ကျေးရွာသို့ သွားသည့် တောလမ်းအား လိုက်လံပြသရန်အတွက် ထွက်ခွါသွားခဲ့ကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့် ၎င်း၏ အစ်ကိုဖြစ်သူတို့သည် ည (၁၀) နာရီ (၂၅) မိနစ်အချိန်ခန့်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် မြေငူကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူမှ တံတားဦးမြို့နယ် လုံခြုံရေးတပ်ဖွဲ့အား ဖုန်းဆက်ကာ သတင်းပေးခဲ့သည်။

 

အဆိုပါ သတင်းပေးချက်အရ ည (၁၁)နာရီ အချိန်ခန့်တွင် တံတားဦးမြို့နယ် လုံခြုံရေးတပ်ဖွဲ့ အမှတ် (၃၀၂၇) မှ ဗိုလ်မှူးသိန်းလှိုင်ဦး ဦးစီးသည့် အင်အား (၁၅)ဦးဖြင့် လိုက်လံစစ်ဆေးကြည့်ရှုခဲ့ရာ ည (၁၂)နာရီ အချိန်ခန့်တွင် မြေငူကျေးရွာ အထွက်လမ်းအနီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အစ်ကိုဖြစ်သူတို့အား ဦးခေါင်းထိမှန် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post