• Follow Us on

Home ဒီဇင်ဘာ ၁၀ ရက်နေ့နောက်ဆုံးထား၍ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကျူးကျော်များကို ဖယ်ရှားမည်

ဒီဇင်ဘာ ၁၀ ရက်နေ့နောက်ဆုံးထား၍ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကျူးကျော်များကို ဖယ်ရှားမည်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးရှိ ကျူးကျော်များကို ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားကျူးကျော်များကို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ ဖယ်ရှားရှင်းလင်းခြင်းသည် ဘုရင့်နောင်လမ်းမကြီးရှိ ရပ်ကွက်များကို မြို့ပြစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်းသိရပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကျူးကျော်များကိုဖယ်ရှားရှင်းလင်းမှုပြုလုပ်ခဲ့ပြီး ယခုတွင် ထပ်မံ၍ ဘုရင့်နောင်လမ်းမကြီးရှိ ကျူးကျော်များကို ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးဖယ်ရှားရှင်း လင်းခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့်လပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်တွင် ကျူး ကျော်များကိစ္စနှင့်ပတ်သက်၍ စနစ်တကျ ကိုင်တွယ်ရန်ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်နေခြင်းဖြစ်ပါတယ်။

 

#PeopleMedia #ကျူးကျော် #တောင်ဒဂုံမြို့နယ်

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post