• Follow Us on

Home ပြည်ခိုင်ဖြိုးပါတီရုံးတွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးတွေ့ရှိ

ပြည်ခိုင်ဖြိုးပါတီရုံးတွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးတွေ့ရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ စည်ပင်လမ်းမပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးတွင် လက်လုပ်မိုင်း တွေ့ရှိခဲ့ပါတယ်။

 

အမဲရောင်ဖြင့် မသင်္ကာဖွယ်ရာ ကျွတ်ကျွတ်အိတ်အမည်းရောင်တစ်ခုကို မြို့နယ်ပါတီရုံးရှေ့တွင် စွန့်ပစ်ထား ခြင်းကို တွေ့ရှိသည့်အတွက် သွားရောက်ကြည့်ရှိရာတွင် ၃ လက်မရှိ လက်လုပ်မိုင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါ တယ်။

 

“မိုင်းကတော့ ၃ လက်မလောက်တော့ရှိတယ်။ ရုံးရှေ့မှာ ကျွတ်ကျွတ်အိတ်အမည်းနဲ့ ထည့်ထားတာ တပ်က လူတွေ လာရှင်းပေးသွားပါတယ်” ဟု မြို့နယ်ပါတီဝင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိ နိုင်ငံရေးမတည်မငြိမ်မှုဖြစ်စဉ်များတွင် ပြည်ခိုင်ဖြိုးပါတီရုံးကို မိုင်းထောင်ဖောက်ခွဲခြင်းများအပြင် ပြည်ခိုင်ဖြိုးပါတီဝင်များကို မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခံနေရလျက်ရှိပါတယ်။

 

#PeopleMedia #USDP #လက်လုပ်မိုင်း

 

(unicode)


………………………………………………….

 


 


 


 


 


 



Share this post