• Follow Us on

Home ဒီဇင္ဘာ ၄ ရက္ေနာက္ပိုင္းတြင္ လူသူကင္းေ၀းသည့္ဘာ႐ွန္ခ်ားကၽြန္းသို႔ဘဂၤါလီမ်ားကို ေ႐ႊ႕ေျပာင္းမည္

ဒီဇင္ဘာ ၄ ရက္ေနာက္ပိုင္းတြင္ လူသူကင္းေ၀းသည့္ဘာ႐ွန္ခ်ားကၽြန္းသို႔ဘဂၤါလီမ်ားကို ေ႐ႊ႕ေျပာင္းမည္

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁
ေကာ့က္စ္ဘဇားခ႐ိုင္႐ွိလူႁပြတ္သိပ္ေနေသာဒုကၡသည္စခန္းမ်ားမွ ဘာ႐ွန္းခ်ားကၽြန္းေပၚသို႔ ဘဂၤါလီ (မူရင္း တြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို တရား၀င္ေ႐ႊ႕ေျပာင္းရန္ေနာက္ဆံုးအဆင့္ျပင္ဆင္မႈမ်ားေရာက္ေနသည္။
တရား၀င္အခ်က္အလက္မ်ားမေၾကညာေသးေသာ္လည္း ရာသီဥတုတည္ၿငိမ္ပါက ဘဂၤါလီမ်ား ဒီဇင္ဘာ ၄ ရက္တြင္ ေရာက္႐ွိမည္ဟု ထိုျဖစ္ရပ္ႏွင့္နီးစပ္သူမ်ားကေျပာသည္။
ထိုအသုတ္တြင္ ကၽြန္းေပၚသို႔စိတ္ဆႏၵအရေျပာင္းေ႐ႊ႕မည့္ဘဂၤါလီ ၂၅၀၀ ပါ၀င္ေၾကာင္းလည္း သတင္းရင္းျမစ္ မ်ားကေျပာသည္။
ပထမအဆင့္တြင္ ဘဂၤါလီအနည္းငယ္သာေ႐ႊ႕ေျပာင္းမည္ျဖစ္ၿပီး လုပ္ငန္းစဥ္မ်ားဆက္လက္လည္ပတ္ေနမည္ ဟု ဘဂၤါလီဒုကၡသည္မ်ားေနရပ္ျပန္ေရးေကာ္မ႐ွင္(RRRC) မဟာမင္းႀကီး ႐ွာ ရတ္ဇ္၀မ္ ဟာယက္က ဒါကာထရီႁဗြန္းသတင္းစာကိုေျပာသည္။
ေျပာင္းေ႐ႊ႕မည့္ေန႔ကိုအတိအက်ထုတ္ေျပာျခင္းမ႐ွိေသးဘဲ မသတ္မွတ္ရေသးေၾကာင္းေျပာသည္။
ဘာ႐ွန္ခ်ားကၽြန္းေပၚတြင္ ဘဂၤလားေဒ့႐ွ္ေရတပ္က ေနထိုင္စရာမ်ားတည္ေဆာက္ေပးၿပီး ဘဂၤါလီ ၁ သိန္းေက်ာ္ေ႐ႊ႕ေျပာင္းေနရာခ်ရန္စီစဥ္ထားသည္။
ထိုကၽြန္းေပၚသို႔ ဘဂၤါလီမ်ားေ႐ႊ႕ေျပာင္းရန္အစီအစဥ္ကို ဘဂၤလားေဒ့႐ွ္အစိုးရက ေရ႐ွည္စီစဥ္ထားၿပီး ကုလသမဂၢႏွင့္ဘဂၤါလီအခ်ိဳ႕က ေ႐ႊ႕ေျပာင္းမႈအေပၚယံုၾကည္မႈမ႐ွိေခ်။
ဧၿပီလကပင္လယ္ျပင္မွကယ္တင္ခဲ့သည့္ဘဂၤါလီ ၃၀၆ ေယာက္ကိုလည္း ထိုကၽြန္းေပၚတြင္ေနရာခ်ထားသည္။
Ref : Rohingya relocation to Bhashan Char slated for next week
#PeopleMedia
(Unicode)
ဒီဇင်ဘာ ၄ ရက်နောက်ပိုင်းတွင် လူသူကင်းဝေးသည့်ဘာရှန်ချားကျွန်းသို့ဘင်္ဂါလီများကို ရွှေ့ပြောင်းမည်
……………………………………………
ဒါကာ၊ ဒီဇင်ဘာ ၁
ကော့က်စ်ဘဇားခရိုင်ရှိလူပြွတ်သိပ်နေသောဒုက္ခသည်စခန်းများမှ ဘာရှန်းချားကျွန်းပေါ်သို့ ဘင်္ဂါလီ (မူရင်း တွင်ရိုဟင်ဂျာဟုဖော်ပြ)များကို တရားဝင်ရွှေ့ပြောင်းရန်နောက်ဆုံးအဆင့်ပြင်ဆင်မှုများရောက်နေသည်။
တရားဝင်အချက်အလက်များမကြေညာသေးသော်လည်း ရာသီဥတုတည်ငြိမ်ပါက ဘင်္ဂါလီများ ဒီဇင်ဘာ ၄ ရက်တွင် ရောက်ရှိမည်ဟု ထိုဖြစ်ရပ်နှင့်နီးစပ်သူများကပြောသည်။
ထိုအသုတ်တွင် ကျွန်းပေါ်သို့စိတ်ဆန္ဒအရပြောင်းရွှေ့မည့်ဘင်္ဂါလီ ၂၅၀၀ ပါဝင်ကြောင်းလည်း သတင်းရင်းမြစ် များကပြောသည်။
ပထမအဆင့်တွင် ဘင်္ဂါလီအနည်းငယ်သာရွှေ့ပြောင်းမည်ဖြစ်ပြီး လုပ်ငန်းစဉ်များဆက်လက်လည်ပတ်နေမည် ဟု ဘင်္ဂါလီဒုက္ခသည်များနေရပ်ပြန်ရေးကော်မရှင်(RRRC) မဟာမင်းကြီး ရှာ ရတ်ဇ်ဝမ် ဟာယက်က ဒါကာထရီဗြွန်းသတင်းစာကိုပြောသည်။
ပြောင်းရွှေ့မည့်နေ့ကိုအတိအကျထုတ်ပြောခြင်းမရှိသေးဘဲ မသတ်မှတ်ရသေးကြောင်းပြောသည်။
ဘာရှန်ချားကျွန်းပေါ်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်က နေထိုင်စရာများတည်ဆောက်ပေးပြီး ဘင်္ဂါလီ ၁ သိန်းကျော်ရွှေ့ပြောင်းနေရာချရန်စီစဉ်ထားသည်။
ထိုကျွန်းပေါ်သို့ ဘင်္ဂါလီများရွှေ့ပြောင်းရန်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရေရှည်စီစဉ်ထားပြီး ကုလသမဂ္ဂနှင့်ဘင်္ဂါလီအချို့က ရွှေ့ပြောင်းမှုအပေါ်ယုံကြည်မှုမရှိချေ။
ဧပြီလကပင်လယ်ပြင်မှကယ်တင်ခဲ့သည့်ဘင်္ဂါလီ ၃၀၆ ယောက်ကိုလည်း ထိုကျွန်းပေါ်တွင်နေရာချထားသည်။
Ref : Rohingya relocation to Bhashan Char slated for next week

Share this post