• Follow Us on

Home ဒီမုိကေရစီဖက္ဒရယ္ပုံစံခ်မွတ္ရာ၌ ပုံတူကူးခ်ေသာနည္းလမ္း၊ အဓမၼသြပ္သြင္းတဲ့ပုံစံ၊ သတိမမူ ဂူမျမင္ဘဲ ေဆြးေႏြးခ်က္မ်ားအေပၚ ဒု-တပ္ခ်ဳပ္ ေျပာဆို

ဒီမုိကေရစီဖက္ဒရယ္ပုံစံခ်မွတ္ရာ၌ ပုံတူကူးခ်ေသာနည္းလမ္း၊ အဓမၼသြပ္သြင္းတဲ့ပုံစံ၊ သတိမမူ ဂူမျမင္ဘဲ ေဆြးေႏြးခ်က္မ်ားအေပၚ ဒု-တပ္ခ်ဳပ္ ေျပာဆို

Share this post

ရန္ကုန္၊ ၾသဂုတ္-၁၃

ဒီမုိကေရစီဖက္ဒရယ္ပုံစံခ်မွတ္ရာ၌ ပုံတူကူးခ်ေသာနည္းလမ္း၊ အဓမၼသြပ္သြင္းတဲ့ပုံစံ၊ သတိမမူ ဂူမျမင္ဘဲ ေဆြးေႏြးခ်က္မ်ားအေပၚ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ကေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ၾသဂုတ္၁၃ ရက္၌ က်င္းပသည့္( ၉)ႀကိမ္ေျမာက္ JICM အစည္းအေ၀းတြင္ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြ်န္ေတာ္တို႔အပါအ၀င္ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး လိုလားေတာင့္တေနၾကတဲ့ ဒီမိုကေရစီနဲ႔ဖက္ဒ ရယ္စနစ္ကိုအေျခခံတဲ့ျပည္ေထာင္စုကို ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားနဲ႔အညီတည္ေဆာက္ရာမွာလည္း မိမိႏိုင္ငံရဲ႔ေရေျမ၊ သဘာ၀ထုံးတမ္း ၊ယဥ္ေက်းမႈ စ႐ိုက္လကၡဏာေတြအေပၚမူတည္ၿပီး မိမိႏိုင္ငံနဲ႔ကိုက္ညီတဲ့ ဒီမိုကေရစီနဲ႔ဖက္ဒရယ္ ပုံစံကိုသာခ်မွတ္သြားရမွာျဖစ္ၿပီးေတာ့မွ မိမိႏိုင္ငံ၊မိမိလူမ်ိဳးတို႔ရဲ႔စ႐ိုက္ လကၡဏနဲ႔မ ကိုက္ညီေသာ အမ်ားသူငါတိုက္တြန္းတဲ့အခ်က္ေတြ၊ ပုံတူကူးခ်တဲ့နည္းလမ္းေတြ၊ အဓမၼသြပ္သြင္းတဲ့ပုံစံ ေတြအေပၚ သတိမမူ ဂူမျမင္ဘဲေဆြးေႏြးခ်က္မ်ား၊ ရလဒ္မ်ားမလိုအပ္ဘဲ အခ်ိန္ကုန္လူပန္းခရီးမ တြင္မျဖစ္ရေအာင္လည္းပဲ ယခုတက္ေရာက္လာၾကတဲ့ တာ၀န္သူရွိသူမ်ားအားလုံးနဲ႔မိမိတို႔အလုပ္အဖြဲ႔၀င္မ်ား လက္ေအာက္မွာရွိတဲ့ ရဲေဘာ္ရဲဖက္မ်ားကိုသတိေပးေနဖို႔လိုအပ္ေၾကာင္းလည္း ေျပာၾကားလိုပါတယ္’’ဟု ၎ကေျပာသည္။

၂၀၁၅ခုႏွစ္ ေအာက္တိုဘာ၁၅ရက္တြင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာသေဘာတူစာခ်ဳပ္အား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၈ ဖြဲ႔က သေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမိုကရက္တစ္ပါတီတို႔ ထပ္မံလက္မွတ္ေရးထိုးခဲ့သည္။

လက္ရွိတြင္ ၾသဂုတ္လအတြင္းက်င္းပမည့္ ၂၁ ပင္လုံ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံသို႔ AA ကို အၾကမ္း ဖက္အဖြဲ႔အျဖစ္သတ္မွတ္ထား၍ အစိုးရက ဖိတ္ၾကားျခင္းမျပဳေသာေၾကာင့္ KIO၊ TNLA၊ MMNDA စသည့္ ေျမာက္ပိုင္းအဖြဲ႔တို႔မွာ တက္ေရာက္ရန္ မေသခ်ာေၾကာင္းသိရသည္။

#PeopleMedia #Peace #တပ္မေတာ္ #JICM

(unicode)
ဒီမိုကရေစီဖက်ဒရယ်ပုံစံချမှတ်ရာ၌ ပုံတူကူးချသောနည်းလမ်း၊ အဓမ္မသွပ်သွင်းတဲ့ပုံစံ၊ သတိမမူ ဂူမမြင်ဘဲ ဆွေးနွေးချက်များအပေါ် ဒု-တပ်ချုပ် ပြောဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ်-၁၃

ဒီမိုကရေစီဖက်ဒရယ်ပုံစံချမှတ်ရာ၌ ပုံတူကူးချသောနည်းလမ်း၊ အဓမ္မသွပ်သွင်းတဲ့ပုံစံ၊ သတိမမူ ဂူမမြင်ဘဲ ဆွေးနွေးချက်များအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောကြားလိုက်သည်။

နေပြည်တော်တွင် ဩဂုတ်၁၃ ရက်၌ ကျင်းပသည့်( ၉)ကြိမ်မြောက် JICM အစည်းအဝေးတွင်ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ဖက်ဒ ရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီတည်ဆောက်ရာမှာလည်း မိမိနိုင်ငံရဲ့ရေမြေ၊ သဘာဝထုံးတမ်း ၊ယဉ်ကျေးမှု စရိုက်လက္ခဏာတွေအပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် ပုံစံကိုသာချမှတ်သွားရမှာဖြစ်ပြီးတော့မှ မိမိနိုင်ငံ၊မိမိလူမျိုးတို့ရဲ့စရိုက် လက္ခဏနဲ့မ ကိုက်ညီသော အများသူငါတိုက်တွန်းတဲ့အချက်တွေ၊ ပုံတူကူးချတဲ့နည်းလမ်းတွေ၊ အဓမ္မသွပ်သွင်းတဲ့ပုံစံ တွေအပေါ် သတိမမူ ဂူမမြင်ဘဲဆွေးနွေးချက်များ၊ ရလဒ်များမလိုအပ်ဘဲ အချိန်ကုန်လူပန်းခရီးမ တွင်မဖြစ်ရအောင်လည်းပဲ ယခုတက်ရောက်လာကြတဲ့ တာဝန်သူရှိသူများအားလုံးနဲ့မိမိတို့အလုပ်အဖွဲ့ဝင်များ လက်အောက်မှာရှိတဲ့ ရဲဘော်ရဲဖက်များကိုသတိပေးနေဖို့လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၅ခုနှစ် အောက်တိုဘာ၁၅ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိတွင် ဩဂုတ်လအတွင်းကျင်းပမည့် ၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ AA ကို အကြမ်း ဖက်အဖွဲ့အဖြစ်သတ်မှတ်ထား၍ အစိုးရက ဖိတ်ကြားခြင်းမပြုသောကြောင့် KIO၊ TNLA၊ MMNDA စသည့် မြောက်ပိုင်းအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာကြောင်းသိရသည်။

#PeopleMedia #Peace #တပ်မတော် #JICM


Share this post