• Follow Us on

Home ဒုက္ခသည်များပြန်လာသည်ဆိုခြင်းမှာ မြန်မာနိုင်ငံ၏ ၀ါဒဖြန့်မှုသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ဆို


Share this post




Ref; Dhaka Tribune

(unicode)
ဒုက္ခသည်များပြန်လာသည်ဆိုခြင်းမှာ မြန်မာနိုင်ငံ၏ ဝါဒဖြန့်မှုသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ဆို
———————————————————————–

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအခြေစိုက် မြန်မာသံရုံးရဲ့ Facebook မှာ ဘင်္ဂါလီဒုက္ခသည် ၂၉ ဦးနဲ့အထက် မြန်မာနိုင်ငံက ၄င်းတို့နေရပ်တွေကို ပြန်လာကြတယ်လို့ အင်္ဂါနေ့က ရေးသားမှုဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာသတင်းမှမရပါဘူး။ တကယ်လို့ ဒုက္ခသည်တစ်ယောက်က နေရပ်ပြန် ချင်တယ်ဆိုရင် ဒုက္ခသည်နေရပ်ပြန်ပို့ရေးကော်မရှင် (RRRC)နဲ့ UNHCR တို့ရဲ့ လုပ်ငန်းစဉ်အတိုင်း လိုက် နာဖို့လိုပါတယ်။ ဒုက္ခသည်စခန်းက နေရပ်ပြန်တဲ့သူ ဘယ်သူမှမရှိပါဘူး။ မြန်မာနိုင်ငံက အခုလို ပြောဆိုလေ့ ရှိပါတယ်။ ဒါက ဝါဒဖြန့်မှု သက်သက်ပါ” လို့ RRRC ရဲ့ ကော်မရှင်နာ အလမ် တာလူဒါက Dhaka Tribune မီဒီယာဌာနကို ပြောပါတယ်။

ဒါကာအခြေစိုက် မြန်မာသံရုံးက ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဘင်္ဂါလီဒုက္ခ သည်အရေအတွက်ဟာ စုစုပေါင်း ၃၅၁ ဦးရှိခဲ့ပြီလို့လည်း ပြောကြားထားပါတယ်။

Ref; Dhaka Tribune


Share this post