• Follow Us on

Home ျမန္မာ့တပ္မေတာ္မွ JF-17 တိုက္ေလယာဥ္မ်ား ထပ္မံမွာယူရန္ရွိဟု ပါကစၥတန္ ကာကြယ္ေရး Facebook Page ေဖာ္ျပ

ျမန္မာ့တပ္မေတာ္မွ JF-17 တိုက္ေလယာဥ္မ်ား ထပ္မံမွာယူရန္ရွိဟု ပါကစၥတန္ ကာကြယ္ေရး Facebook Page ေဖာ္ျပ

Share this post

ျမန္မာတပ္မေတာ္ေလတပ္ဟာ ပါကစၥတန္က Jf-17 Thunder ဘက္စံုသံုးတုိက္ေလယာဥ္ေတြကို မၾကာခင္ ထပ္မံမွာယူဖို႔ရွိေနတယ္လို႔ ပါကစၥတန္ကာကြယ္ေရးဆိုင္ရာသတင္းအခ်က္အလက္ေတြ ေဖာ္ျပေလ့ရွိတဲ့ Pakistan Defence Affairs အမည္နဲ႔ facebook Page က ေဖာ္ျပခဲ့ပါတယ္။

Pakistan Defence Affairs ရဲ႕ ေဖာ္ျပခ်က္အရ ျမန္မာ့တပ္မေတာ္ေလတပ္ဟာ JF-17 မ်ိဳးဆက္တိုက္ေလ ယာဥ္စုစုေပါင္း ၁၈ စင္းရွိေနၿပီျဖစ္ကာ မၾကာခင္ထပ္မံဖို႔ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာ့တပ္မေတာ္ေလတပ္ဟာ ပါကစၥတန္နဲ႔ တ႐ုတ္ႏုိင္ငံတို႔ ပူးေပါင္းထုတ္လုပ္ JF-17B တိုက္ေလယာဥ္ေတြ ကို ၂၀၁၉ ခုႏွစ္အေစာပိုင္းမွာ ပထမအသုတ္အေနနဲ႔ လက္ခံရရွိထားၿပီးျဖစ္ပါတယ္။ JF-17 တိုက္ေလယာဥ္ ျပည္ပတင္ပို႔မႈကို တရား၀င္အတည္ျပဳထားတဲ့ ႏုိင္ငံေတြထဲမွာ ျမန္မာနဲ႔ ႏိုင္ဂ်ီးရီးယားေလတပ္တို႔ ပါ၀င္လ်က္ရွိ ပါတယ္။

ျမန္မာတပ္မေတာ္ေလတပ္ဟာ JF-17 ေတြကို မွာယူခဲ့တဲ့ ကာလအတြင္းမွာပဲ ရုရွားႏုိင္ငံက Su-30 တိုက္ေလယာဥ္ေတြကို ၂၀၁၈ ခုႏွစ္ အေစာပိုင္းမွာ မွာယူထားခဲ့ၿပီး ျမန္မာ့ေလတပ္သမိုင္းမွာ ပထမဦးဆံုး အေနနဲ႔ နည္းပညာျမင့္ အႀကီးစားတိုက္ေလယာဥ္ေတြကို စတင္အသံုးျပဳလာခဲ့တာလည္းျဖစ္ပါတယ္။

Ref; Pakistan Defence Affairs

(unicode)
မြန်မာ့တပ်မတော်မှ JF-17 တိုက်လေယာဉ်များ ထပ်မံမှာယူရန်ရှိဟု ပါကစ္စတန် ကာကွယ်ရေး Facebook Page ဖော်ပြ
……………………………………………………………

မြန်မာတပ်မတော်လေတပ်ဟာ ပါကစ္စတန်က Jf-17 Thunder ဘက်စုံသုံးတိုက်လေယာဉ်တွေကို မကြာခင် ထပ်မံမှာယူဖို့ရှိနေတယ်လို့ ပါကစ္စတန်ကာကွယ်ရေးဆိုင်ရာသတင်းအချက်အလက်တွေ ဖော်ပြလေ့ရှိတဲ့ Pakistan Defence Affairs အမည်နဲ့ facebook Page က ဖော်ပြခဲ့ပါတယ်။

Pakistan Defence Affairs ရဲ့ ဖော်ပြချက်အရ မြန်မာ့တပ်မတော်လေတပ်ဟာ JF-17 မျိုးဆက်တိုက်လေ ယာဉ်စုစုပေါင်း ၁၈ စင်းရှိနေပြီဖြစ်ကာ မကြာခင်ထပ်မံဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်လေတပ်ဟာ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းထုတ်လုပ် JF-17B တိုက်လေယာဉ်တွေ ကို ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ပထမအသုတ်အနေနဲ့ လက်ခံရရှိထားပြီးဖြစ်ပါတယ်။ JF-17 တိုက်လေယာဉ် ပြည်ပတင်ပို့မှုကို တရားဝင်အတည်ပြုထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနဲ့ နိုင်ဂျီးရီးယားလေတပ်တို့ ပါဝင်လျက်ရှိ ပါတယ်။

မြန်မာတပ်မတော်လေတပ်ဟာ JF-17 တွေကို မှာယူခဲ့တဲ့ ကာလအတွင်းမှာပဲ ရုရှားနိုင်ငံက Su-30 တိုက်လေယာဉ်တွေကို ၂၀၁၈ ခုနှစ် အစောပိုင်းမှာ မှာယူထားခဲ့ပြီး မြန်မာ့လေတပ်သမိုင်းမှာ ပထမဦးဆုံး အနေနဲ့ နည်းပညာမြင့် အကြီးစားတိုက်လေယာဉ်တွေကို စတင်အသုံးပြုလာခဲ့တာလည်းဖြစ်ပါတယ်။

Ref; Pakistan Defence Affairs


Share this post