• Follow Us on

Home ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းတြင္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးစပ္လ်ဥ္းေသာ ဥပေဒၾကမ္းအနည္းဆုံး က႑ျဖစ္ေန

ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းတြင္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးစပ္လ်ဥ္းေသာ ဥပေဒၾကမ္းအနည္းဆုံး က႑ျဖစ္ေန

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြင္း လႊတ္ေတာ္အသီးသီးသို႔ တင္သြင္းခဲ့သည့္ ဥပေဒၾကမ္းမ်ားထဲ တြင္ နိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးက႑ႏွင့္ စပ္လ်ဥ္းေသာ ဥပေဒၾကမ္းတင္သြင္းမႈမွာ အနည္းဆုံး ျဖစ္ေနေၾကာင္း ပြင့္လင္းျမန္မာ့ေရွ႕ေဆာင္အဖြဲ႕မွ ထုတ္ျပန္ခ်က္အရ သိရသည္။
 
အထက္ပါ ဥပေဒၾကမ္း အခ်က္အလက္မ်ားမွာ ပြင့္လင္းျမန္မာ့အေရွ႕ေဆာင္အဖြဲ႕၏ လူမူကြန္ယက္စာမ်က္ႏွာ တြင္ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြင္း လႊတ္ေတာ္အသီးသီးသို႔ တင္သြင္းခဲ့ေသာ ဥပေဒၾကမ္းမ်ား ေလ့လာျခင္းဟူ၍ ထုတ္ျပန္ခ်က္တြင္ ပါဝင္ေနျခင္းျဖစ္သည္။
 
ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းအတြင္း လႊတ္ေတာ္သီးသီးသို႔ တင္သြင္းခဲ့သည့္ ဥပေဒၾကမ္း (၁၆၈)ႀကိမ္ တင္သြင္းခဲ့ၿပီး၊ ဥပေဒၾကမ္း တင္သြင္းမႈ အမ်ားဆုံးက႑မွာ ဘ႑ာေရးႏွင့္ စီမံကိန္းက႑ျဖစ္ၿပီး ဥပေဒၾကမ္း (၃၉)ခု စုစုေပါင္းအေရအတြက္၏ (၂၃)ရာခိုင္ႏႈန္းခန္႔ တင္သြင္းခဲ့ကာ တင္သြင္းမႈ အနည္းဆုံး ဥပေဒၾကမ္းမွာ နိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးက႑ႏွင့္ စပ္လ်ဥ္းေသာ ဥပေဒၾကမ္း (၅)ခု တင္သြင္းခဲ့ေၾကာင္း သိရ သည္။
 
ဒုတိယအမ်ားဆုံး ဥပေဒၾကမ္းမွာ လူမႈေရးက႑ျဖစ္ၿပီး လူမႈေရးက႑တြင္ ပညာေရး၊ က်န္းမာေရး၊ ကယ္ဆယ္ ေရးႏွင့္ ျပန္လည္ထူေထာင္ေရး၊ လူမႈဖူလုံေရးအစရွိသည့္ နံပါတ္စဥ္တပ္ေဖာ္ျပထားေသာ အေၾကာင္းအရာကိစၥ (၂၁)ခု ပါ၀င္ၿပီး၊ ယင္းတို႔ႏွင့္ သက္ဆိုင္ေသာ ဥပေဒၾကမ္း (၃၁)ခု စုစုေပါင္း အေရအတြက္၏ (၁၈)ရာခိုင္ႏႈန္းခန္႔ တင္သြင္းခဲ့ေၾကာင္း ပြင့္လင္းျမန္မာ့ေရွ႕ေဆာင္အဖြဲ႕မွ သိရသည္။
 
ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြင္း၌ ဥပေဒၾကမ္း တင္သြင္းမႈ (၁၆၈)ႀကိမ္ ရွိခဲ့သည့္အနက္ ျပည္ ေထာင္စု၀န္ႀကီးဌာနမွ (၂၀)ခုက တင္သြင္းခဲ့ေသာ ဥပေဒၾကမ္း (၉၆)ခု ရွိခဲ့ၿပီး၊ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္၊ ျပည္ေထာင္စုရာထူး၀န္အဖြဲ႕၊ ျပည္ေထာင္စုေရွ႕ေန ခ်ဳပ္၊ ျပည္ေထာင္စု တရာလႊတ္ေတာ္ခ်ဳပ္၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္အစရွိသည့္ ေကာ္မရွင္မ်ားႏွင့္ ျပည္ေ ထာင္စုအဆင့္ အဖြဲ႕အစည္းမ်ားက ဥပေဒၾကမ္း (၂၄)ခု တင္သြင္းခဲ့ေၾကာင္း ပြင့္လင္းျမန္မာ့ေရွ႕ေဆာင္အဖြဲ႕မွ သိရသည္။
 
#PeopleMedia
 
(unicode)
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးစပ်လျဉ်းသော ဥပဒေကြမ်းအနည်းဆုံး ကဏ္ဍဖြစ်နေ
………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်အသီးသီးသို့ တင်သွင်းခဲ့သည့် ဥပဒေကြမ်းများထဲ တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍနှင့် စပ်လျဉ်းသော ဥပဒေကြမ်းတင်သွင်းမှုမှာ အနည်းဆုံး ဖြစ်နေကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
 
အထက်ပါ ဥပဒေကြမ်း အချက်အလက်များမှာ ပွင့်လင်းမြန်မာ့အရှေ့ဆောင်အဖွဲ့၏ လူမူကွန်ယက်စာမျက်နှာ တွင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်အသီးသီးသို့ တင်သွင်းခဲ့သော ဥပဒေကြမ်းများ လေ့လာခြင်းဟူ၍ ထုတ်ပြန်ချက်တွင် ပါဝင်နေခြင်းဖြစ်သည်။
 
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်သီးသီးသို့ တင်သွင်းခဲ့သည့် ဥပဒေကြမ်း (၁၆၈)ကြိမ် တင်သွင်းခဲ့ပြီး၊ ဥပဒေကြမ်း တင်သွင်းမှု အများဆုံးကဏ္ဍမှာ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍဖြစ်ပြီး ဥပဒေကြမ်း (၃၉)ခု စုစုပေါင်းအရေအတွက်၏ (၂၃)ရာခိုင်နှုန်းခန့် တင်သွင်းခဲ့ကာ တင်သွင်းမှု အနည်းဆုံး ဥပဒေကြမ်းမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍနှင့် စပ်လျဉ်းသော ဥပဒေကြမ်း (၅)ခု တင်သွင်းခဲ့ကြောင်း သိရ သည်။
 
ဒုတိယအများဆုံး ဥပဒေကြမ်းမှာ လူမှုရေးကဏ္ဍဖြစ်ပြီး လူမှုရေးကဏ္ဍတွင် ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုဖူလုံရေးအစရှိသည့် နံပါတ်စဉ်တပ်ဖော်ပြထားသော အကြောင်းအရာကိစ္စ (၂၁)ခု ပါဝင်ပြီး၊ ယင်းတို့နှင့် သက်ဆိုင်သော ဥပဒေကြမ်း (၃၁)ခု စုစုပေါင်း အရေအတွက်၏ (၁၈)ရာခိုင်နှုန်းခန့် တင်သွင်းခဲ့ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ သိရသည်။
 
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း၌ ဥပဒေကြမ်း တင်သွင်းမှု (၁၆၈)ကြိမ် ရှိခဲ့သည့်အနက် ပြည် ထောင်စုဝန်ကြီးဌာနမှ (၂၀)ခုက တင်သွင်းခဲ့သော ဥပဒေကြမ်း (၉၆)ခု ရှိခဲ့ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ ပြည်ထောင်စု တရာလွှတ်တော်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အစရှိသည့် ကော်မရှင်များနှင့် ပြည်ေ ထာင်စုအဆင့် အဖွဲ့အစည်းများက ဥပဒေကြမ်း (၂၄)ခု တင်သွင်းခဲ့ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ သိရသည်။
 
#PeopleMedia

Share this post