• Follow Us on

Home လႊတ္ေတာ္ကိုယ္စားလွယ္ဆိုသည္ လူထုရဲ႕အခိုင္းခံရဖို႔ဟု USDP ကိုယ္စားလွယ္ေလာင္းဆို

လႊတ္ေတာ္ကိုယ္စားလွယ္ဆိုသည္ လူထုရဲ႕အခိုင္းခံရဖို႔ဟု USDP ကိုယ္စားလွယ္ေလာင္းဆို

Share this post

နန္းမား၊ ေအာက္တိုဘာ ၁၀

လႊတ္ေတာ္ကိုယ္စားလွယ္သည္ ျပည္သူကိုအလုပ္ေကၽြးျပဳဖို႔ ျပည္သူမ်ား၏ အခိုင္းခံဖို႔ ျပည္သူမ်ားက ေစခိုင္းခံရဖို႔ျဖစ္ေၾကာင္း မိုးညႇင္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းကေျပာသည္။

မိုးညႇင္းၿမိဳ႕နယ္ နန္းမားၿမိဳ႕ ေညာင္ကုန္းရပ္ကြက္တြင္ ယေန႔နံနက္ပိုင္းကျပဳလုပ္ခဲ့သည့္ လူထုအားမဲဆြယ္ပြဲ၌ မိုးညႇင္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိုးဝင္းကေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ နန္းမားၿမိဳ႕အတြင္းရွိရပ္ကြက္ေက်းရြာမ်ားျဖစ္ၾကေသာ ေခ်ာင္း သာရပ္ကြက္၊ နန္းသာယာရပ္ကြက္၊ နန္႔ေစာ္ေလာ္ေက်းရြာ၊ နန္းမားႀကီးေက်းရြာတို႔တြင္ ပါတီကိုယ္စား လွယ္ေလာင္းဆိုင္းဘုတ္တင္ပြဲႏွင့္ ပါတီေအာင္နိင္ေရးမဲဆြယ္စည္း႐ုံးခဲ့သည္။

ထိုကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္တင္ပြဲႏွင့္ လူထုစည္း႐ုံးပြဲကို ျပည္ခိုင္ၿဖိဳးပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းမ်ားျဖစ္ၾကေသာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္စိုးေလး၊ အမွတ္ ၇ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိန္ဝင္းထြန္း၊ အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိုးဝင္းတို႔ တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္(ကခ်င္ေျမ)

#PeopleMedia #EPN

(Unicode)
လွှတ်တော်ကိုယ်စားလှယ်ဆိုသည် လူထုရဲ့အခိုင်းခံရဖို့ဟု USDP ကိုယ်စားလှယ်လောင်းဆို
………………………………………………………………

နန်းမား၊ အောက်တိုဘာ ၁၀

လွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူကိုအလုပ်ကျွေးပြုဖို့ ပြည်သူများ၏ အခိုင်းခံဖို့ ပြည်သူများက စေခိုင်းခံရဖို့ဖြစ်ကြောင်း မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကပြောသည်။

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်တွင် ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည့် လူထုအားမဲဆွယ်ပွဲ၌ မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်းကပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နန်းမားမြို့အတွင်းရှိရပ်ကွက်ကျေးရွာများဖြစ်ကြသော ချောင်း သာရပ်ကွက်၊ နန်းသာယာရပ်ကွက်၊ နန့်စော်လော်ကျေးရွာ၊ နန်းမားကြီးကျေးရွာတို့တွင် ပါတီကိုယ်စား လှယ်လောင်းဆိုင်းဘုတ်တင်ပွဲနှင့် ပါတီအောင်နိင်ရေးမဲဆွယ်စည်းရုံးခဲ့သည်။

ထိုကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးပွဲကို ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်စိုးလေး၊ အမှတ် ၇ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းထွန်း၊ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်းတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

မောင်မောင်(ကချင်မြေ)

#PeopleMedia #EPN


Share this post