• Follow Us on

Home နတ်မောက်မြို့နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံး

နတ်မောက်မြို့နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံး

Share this post

မကွေး၊ နိုဝင်ဘာ ၆ (People Media)

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးခင်မောင်သန်း (၅၉) နှစ်သည် နိုဝင်ဘာ (၁) ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်းခံရ၍ သေဆုံးသွားခဲ့ပါတယ်။

 

“ဆရာကြီးက ပင်စင်ယူဖို့ နီးနေတာ။ ပညာရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ခဲ့သူပါ” လို့ ပညာရေးဝန်ထမ်းတစ်ဦးက People Media ကို ပြောဆိုပါတယ်။

 

ဖြစ်စဉ်မှာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးခင်မောင်သန်းသည် နိုဝင်ဘာ ၁ ရက်နေ့ ညနေ ပိုင်း၌ ရုံးမှ ၎င်းနေအိမ်ရှိရာ လက်ခုပ်ပင်ကျေးရွာသို့ အပြန်လမ်းခရီး၌ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။

 

ဦးခင်မောင်သန်း ပျောက်ဆုံးမှုအပေါ် လုံခြုံရေးအဖွဲ့များက နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းမှ စတင်၍ လိုက်လံ ရှာဖွေရာ နိုဝင်ဘာ ၄ ရက်နေ့၌ နိုဝင်ဘာ ၄ ရက်နေ့၌ ကြူအိုင်ကျေးရွာ ယာတောအတွင်း၌ လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

 

#PeopleMedia #နတ်မောက်မြို့ #မြို့နယ်ပညာရေးဒုဦးစီးမှူး

 

(unicode)

နတျမောကျမွို့နယျ၊ ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး လုပျကွံသတျဖွတျခံရ၍ သဆေုံး

…………………………………………………

 


 


 


 


 


 



Share this post