• Follow Us on

Home နယ္ျခားေစာင့္ရဲတပ္ရင္း (၂) ရင္း တုိးခ်ဲ႕ဖြဲ႕စည္းရန္ ႏုိင္ငံေတာ္စီစဥ္၊ တပ္မေတာ္မွ (၅၁)ေယာက္ နယ္ျခား ေစာင့္သုိ႔ ေျပာင္းေရြ႕တာဝန္ထမ္းေဆာင္မည္

နယ္ျခားေစာင့္ရဲတပ္ရင္း (၂) ရင္း တုိးခ်ဲ႕ဖြဲ႕စည္းရန္ ႏုိင္ငံေတာ္စီစဥ္၊ တပ္မေတာ္မွ (၅၁)ေယာက္ နယ္ျခား ေစာင့္သုိ႔ ေျပာင္းေရြ႕တာဝန္ထမ္းေဆာင္မည္

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၀
 
ျပည္ထဲေရးဝန္ႀကီးဌာနမွ နယ္ျခားေစာင့္ ရဲတပ္ရင္း(၂)ရင္း ထပ္မံအသစ္တုိးခ်ဲ႕ဖြဲ႕စည္းရန္ စီစဥ္လ်က္ရွိၿပီး လုိအပ္ခ်က္အရ တပ္မေတာ္အရာရွိ (၅၁)ဦး ေျပာင္းေရြ႕တာဝန္ထမ္းေဆာင္သြားမွာျဖစ္ပါတယ္။
 
တပ္မေတာ္မွ ဗုိလ္ႀကီးအဆင့္မွ ဒုတိယဗုိလ္မွဴးႀကီးအထိ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕သုိ႔ ေျပာင္းေရြ႕တာဝန္ထမ္း ေဆာင္မွာ ျဖစ္ပါတယ္။
 
တပ္မေတာ္အရာရွိဒုတိယဗုိလ္မွဴးႀကီးသည္ ရဲတပ္ဖြဲ႕သုိ႔ ေျပာင္းေရြ႕တာဝန္ထမ္းေဆာင္လ်င္ ဒုတိယရဲမွဴးႀကီး ရာထူးရရွိမွာလည္း ျဖစ္ပါတယ္။
 
“နယ္ျခားေစာင့္တပ္ဖြဲ႕ရဲ႕ လုိအပ္ခ်က္ေၾကာင့္ ေရြ႕ေျပာင္းတာျဖစ္ပါတယ္” လုိ႔ ႏုိင္ငံေတာ္သမၼတ႐ုံးေျပာေရးဆုိ ခြင့္ရွိသူ ဦးေဇာ္ေဌးက ေအာက္တုိဘာ(၁၀)ရက္ေန႔၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိခဲ့ပါတယ္။
 
နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕သည္ အဓိကအားျဖင့္ တုိက္ခုိက္ေရးတာဝန္ယူရသည့္ ရဲတပ္ဖြဲ႕တစ္ခုျဖစ္သလုိ ရခုိင္ ျပည္နယ္၌ တာဝန္ထမ္းေဆာင္ေနသည့္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕သည္ တပ္မေတာ္ႏွင့္အတူ AA အဖြဲ႕၊ ARSA အဖြဲ႕တုိ႕ကုိ ရွင္းလင္းတုိက္ခုိက္ေရး ေဆာင္ရြက္လ်က္ရွိပါတယ္။
 
#PeopleMedia #နယ္ျခားေစာင့္ရဲတပ္ရင္း
 
(unicode)
နယ်ခြားစောင့်ရဲတပ်ရင်း (၂) ရင်း တိုးချဲ့ဖွဲ့စည်းရန် နိုင်ငံတော်စီစဉ်၊ တပ်မတော်မှ (၅၁)ယောက် နယ်ခြား စောင့်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်မည်
…………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၁၀
 
ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်ခြားစောင့် ရဲတပ်ရင်း(၂)ရင်း ထပ်မံအသစ်တိုးချဲ့ဖွဲ့စည်းရန် စီစဉ်လျက်ရှိပြီး လိုအပ်ချက်အရ တပ်မတော်အရာရှိ (၅၁)ဦး ပြောင်းရွေ့တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
 
တပ်မတော်မှ ဗိုလ်ကြီးအဆင့်မှ ဒုတိယဗိုလ်မှူးကြီးအထိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ပြောင်းရွေ့တာဝန်ထမ်း ဆောင်မှာ ဖြစ်ပါတယ်။
 
တပ်မတော်အရာရှိဒုတိယဗိုလ်မှူးကြီးသည် ရဲတပ်ဖွဲ့သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်လျင် ဒုတိယရဲမှူးကြီး ရာထူးရရှိမှာလည်း ဖြစ်ပါတယ်။
 
“နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ လိုအပ်ချက်ကြောင့် ရွေ့ပြောင်းတာဖြစ်ပါတယ်” လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ(၁၀)ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
 
နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် အဓိကအားဖြင့် တိုက်ခိုက်ရေးတာဝန်ယူရသည့် ရဲတပ်ဖွဲ့တစ်ခုဖြစ်သလို ရခိုင် ပြည်နယ်၌ တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူ AA အဖွဲ့၊ ARSA အဖွဲ့တို့ကို ရှင်းလင်းတိုက်ခိုက်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
 
#PeopleMedia #နယ်ခြားစောင့်ရဲတပ်ရင်း

Share this post