• Follow Us on

Home နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများမှဝင်ရောက်စွက်ဖက်မှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်လက်မခံကြောင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို


Share this post

ရန်ကုန်၊ဒီဇင်ဘာ-၂၀





#PeopleMedia

[Unicode]
နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများမှ၀င်ရောက်စွက်ဖက်မှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်လက်မခံကြောင်းဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ဒီဇင်ဘာ-၂၀

နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများမှ၀င်ရောက်စွက်ဖက်မှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်လက်မခံကြောင်းဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆိုလိုက်သည်။

လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါ၀င်ဆောင်ရွက်နေမှုအပေါ် သိရှိနားလည်သည့် အခြေအနေများ၊ဘင်္ဂါလီများကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအပေါ်ဗီယက်နမ်နိုင်ငံအနေဖြင့်ထောက်ခံပါကြောင်းနှင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုပြည်ပနိုင်ငံများမှ ၀င်ရောက်စွက်ဖက်မှုအပေါ်ဗီယက်နမ်နိုင်ငံအနေဖြင့်လက်မခံသည့် အခြေအနေများစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ တွေ့ဆုံစဉ် အမျိုးသားလွှတ်တော်ဥက္ကဌမှ အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ တပ်ချုပ်၏ ဗီယက်နမ်ခရီးစဉ်၌ ဗီယက်နမ်အမျိုးသား ကာကွယ်ရေး၀န်ကြီးနှင့် သီးခြားတွေ့ဆုံခဲ့သည်။

#PeopleMedia


Share this post