• Follow Us on

Home နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ် ခြင်းနှင့်ပတ်သက်၍ လက်ခံနိုင်ဖွယ်မရှိကြောင်း PPST အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ် ခြင်းနှင့်ပတ်သက်၍ လက်ခံနိုင်ဖွယ်မရှိကြောင်း PPST အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇ (People Media)

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချ မှတ်ခြင်းနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ်မရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေး (၂၂/၂၀၂၁) တွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားခဲ့သည်။

 

“ထိုကဲ့သို့ စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမို အလှမ်းဝေးစေတယ်လို့ ယူဆပါတယ်” ဟု နိုင်အောင်မင်းက ပြောသည်။

 

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးအဖြစ် PPST က ယုံကြည်ပြီး သက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့များ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်းရှာ ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

အရပ်သားများ အကာအကွယ်ပေးမှုကို ရှေးရှုပြီး ကြည့်မြင်တိုင်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြုမှုကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

#PeopleMedia #PPST

 

(unicode)


……………………………………………………………

 


 


 


 


 


 

#PeopleMedia #PPST


Share this post