• Follow Us on

Home နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်နာယကဆရာတော်ဘုရားကြီးမှ စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာ၊ ရွှေမာလဲကျောင်းတိုက်၏ စုပေါင်းမဟာဘုံကထိန်၌ တရားချီးမြှင့်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်နာယကဆရာတော်ဘုရားကြီးမှ စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာ၊ ရွှေမာလဲကျောင်းတိုက်၏ စုပေါင်းမဟာဘုံကထိန်၌ တရားချီးမြှင့်

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈ (People Media)

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ သာမဏေကျော်စာသင်တိုက် ပဓာန နာယက ဆရာတော် ဒေါတ်တာ ဝိစက္ခဏာ လင်္ကာရာဘိဝံသ ဆရာတော်ဘုရားကြီးသည် စဉ့်ကူးမြို့နယ် မာလဲကျေးရွာ ရွှေမာလဲ ကျောင်းတိုက်၌ ကျင်းပသည့် စုပေါင်းမဟာဘုံကထိန်၌ တရားချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်မှ (၁၁)နာရီအချိန်ထိ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာ၊ ရွှေမာလဲကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

“ရွှေမာလဲကျောင်းတိုက်မှာ လုပ်တဲ့ ကထိန်အောင်ပွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပဲခူးမြို့၊ သာမဏေ ကျော် ဆရာတော်က တရားချီးမြှင့်တာပေါ့” လို့ ရွှေမာလဲကျောင်းတိုက်မှ ဆရာတော်တစ်ပါးက ပြောသည်။

 

စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာ၊ ရွှေမာလဲကျောင်းတိုက်၌ ပုရိမဝါမှ ထသောမှုသော သံဃာတော်အရှင်သူမြတ် တို့အား ကထိန်လျာဉာတ်သင်္ကန်းမြတ်လှူဒါန်းခဲ့ပြီးဖြစ်၍ ယခုအခါ ပစ္စယဝတ္တူဖြင့် လှူဒါန်းပြီး ရေစက်ချ ကု သိုလ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post