• Follow Us on

Home နိုင်ငံနေရာအနှံ့အပြား၌ နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အန္တရာယ် အလွန်ကြီးမားလှကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

နိုင်ငံနေရာအနှံ့အပြား၌ နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အန္တရာယ် အလွန်ကြီးမားလှကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

နိုင်ငံနေရာအနှံ့အပြား၌ နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အန္တရာယ် အလွန်ကြီးမားလှကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

(၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

 

“လက်ရှိအခြေအနေမှာ ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံနေရာအနှံ့အပြားမှာ ဆူပူအကြမ်းဖက်မှု တွေ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေနဲ့ နိုင်ငံပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတာ ဟာ နိုင်ငံအတွက် အန္တရာယ်အလွန်ကြီးမားလှပါတယ်။ ဒီလိုဖြစ်ပေါ်ခဲ့တဲ့ မတည်မငြိမ်ဖြစ်ရတာရဲ့ အကြောင်း ရင်းအမှန်တရားတွေကို သိရှိနားလည်ပြီး နိုင်ငံတော်ပြိုကွဲ ပျက်စီးအောင် လုပ်ဆောင်နေကြသူတွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်သမားတွေရဲ့ လုပ်ဆောင်နေမှုတွေ ပယောဂတွေကို သိမြင်ခံစားသတိထားကြပြီး အ ဖျက်လုပ်ရပ်တွေကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

တိုင်းရင်းသားလူမျိုးများစွာဖြင့် စုစည်းနေထိုင်လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့မှာ မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက်ရှိကြောင်း၊ တစ်မြေ တည်းနေ တစ်ရေတည်းသောက် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံး သည် မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတော်ကြီး ထာဝရအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ကာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်း ရင်းသားပြည်သူ အားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း ကို တိုက်တွန်းအသိပေးအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post