• Follow Us on

Home နိုင်ငံတော်ပိုင်မြေကျူးကျော်ထားတဲ့အတွက် ထိုင်းလွှတ်တော်အမတ်ဟောင်း ပရီးနား ရွေးကောက်ပွဲကျင်းပ စရိတ် ဘတ်ငွေ ၇.၆ သန်း ပြန်လည်ပေးလျော်ရန် အမိန့်ချမှတ်ခံရ

နိုင်ငံတော်ပိုင်မြေကျူးကျော်ထားတဲ့အတွက် ထိုင်းလွှတ်တော်အမတ်ဟောင်း ပရီးနား ရွေးကောက်ပွဲကျင်းပ စရိတ် ဘတ်ငွေ ၇.၆ သန်း ပြန်လည်ပေးလျော်ရန် အမိန့်ချမှတ်ခံရ

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

ကျင့်ဝတ်ဖောက်ဖျက်မှုအတွက် လွှတ်တော်အမတ်အဖြစ်ကနေ ဖယ်ရှားခံလိုက်ရပြီးနောက် ကြားဖြတ်ရွေး ကောက်ပွဲကုန်ကျစရိတ်အတွက် ထိုင်းဘတ်ငွေ ၇.၆ သန်းကို ပေးဆောင်ဖို့ ပါလန်ပရာချာရတ်ပါတီဝင် လွှတ် တော်အမတ်ဟောင်း ပရီးနားကရိုင်ကက်ကို တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

 

ပရီးနားအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးကို နှစ်စဉ်ကျသင့်တဲ့ အတိုးနှုန်း ၅% နဲ့အတူ ထိုင်းဘတ်ငွေ ၇.၆၇၃ သန်း ပေးဆောင်ဖို့ ရတ်ချာဘူရီပြည်နယ်တရားရုံးက မတ်လ ၁၁ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

ပရီးနားကို လွှတ်တော်အမတ်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီးနောက် ရတ်ချာဘူရီ အမှတ် ၃ မဲဆန္ဒနယ်မှာ ကြား ဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ကုန်ကျစရိတ်အတွက် ထိုင်းဘတ်ငွေ ၇.၂၅၁ သန်း ပေးဆာင်ရမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က တရားစွဲပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုကတည်းက တဖြည်းဖြည်းတက်လာ တဲ့ အတိုးတွေပါ ထည့်သွင်းတွက်ချက်ထားတဲ့အတွက် ပရီးနားပေးဆောင်ရမယ့်ငွေဟာ ထိုင်းဘတ်ငွေ ၇.၆၇၃ ဖြစ်သွားတာဖြစ်ပါတယ်။

 

ပရီးနားဟာ တရားရုံးကချမှတ်လိုက်တဲ့ ငွေကို ရက်ပေါင်း ၃၀ အတွင်း ပေးဆောင်ရမှာဖြစ်ပြီး ပျက်ကွက်ခဲ့ရင် ၎င်းပိုင်ဆိုင်မှုတွေအားလုံး သိမ်းယူခံရမှာဖြစ်သလို ထောင်ဒဏ်ကျခံသွားမှာလည်း ဖြစ်ပါတယ်။

 

တရားရုံးအမိန့်စာကို ပရီးနားရဲ့အိမ်မှာ စနေနေ့ (မတ်လ ၁၆ ရက်နေ့) က လာကပ်သွားတာဖြစ်ပါတယ်။ လွှတ်တော်အမတ်ပရီးနားဟာ မြေယာပိုင်ဆိုင်မှုမရှိတဲ့ လယ်သမားတွေက နိုင်ငံတော်က အရန်ထားရှိတဲ့ နိုင်ငံ ပိုင်မြေကို လက်ဝယ်ပိုင်ဆိုင်ရယူထားခြင်းအားဖြင့် နိုင်ငံရေးကျင့်ဝတ်သိက္ခာချိုးဖောက်ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလမှာ ထိုင်းတရားရုံးချုပ်ရဲ့ နိုင်ငံရေးရာထူးလက်ကိုင်ရှိသူများရုံး ပြစ်မှုဆိုင်ရာဌာနခွဲက စုံစမ်းသိရှိခဲ့ပါတယ်။

 

ဒါ့ကြောင့် အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အကြံပေးချက်အရ တရားရုံးက ၎င်းကိုလွှတ် တော်အမတ်အဖြစ်က ရပ်ဆိုင်းခဲ့တဲ့အချိန်မှာ နောက်ကြောင်းပြန်အကျိုးသက်ရောက်မှုအနေနဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ကစပြီး တစ်သက်တာ နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

 

ရတ်ချာဘူရီပြည်နယ် ချွမ်ဘန်းခရိုင်မှာရှိတဲ့ လွှတ်တော်အမတ်ပရီးနားရဲ့ ၇၁၁ ရိုင် မွေးမြူရေးခြံကို စစ်ဆေးပေး ဖို့ တိုင်ကြားလွှာတင်ပြသူ ရောင်းကရိုင်လီးကစ်ဝတ္တနာက အာဏာပိုင်တွေကို တိုင်ကြားလာတဲ့အချိန် ၂၀၁၉ ခု နှစ်မှာ ပရီးနားရဲ့အမှု စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

 

ပရီးနားရဲ့ကြက်ခြံဟာ မြေယာမဲ့လယ်သမားတွေအတွက် အရန်ထားရှိထားတဲ့ သစ်တောကာကွယ်မြေကို ကျူး ကျော်ထားတာတွေ့ရှိရကြောင်း တော်ဝင်သစ်တောဦးစီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

 

Ref: Ex-MP Pareena ordered to pay 7.6m for by-election after encroachment case

 

#PeopleMedia


Share this post