• Follow Us on

Home တာချီလိတ်မြို့တွင် ကျပ် ၅၅၀၃.၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ကျပ် ၅၅၀၃.၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၁၈

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ် ၅၅၀၃.၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

မတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက် သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ သီဟစိုး နှင့် စိုင်းဝန်းကျောက် တို့အားစစ်ဆေးရှာဖွေရာ ၎င်းတို့သယ်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ် ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄.၉၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ည ၈နာရီ ၄၅ အချိန် စိုင်းဝန်းကျောက် နေထိုင်သည့် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၈၀ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၃.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သီဟစိုး(၃၃)နှစ် နှင့် စိုင်းဝန်းကျောက်(၃၄)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post