• Follow Us on

Home နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်မည်ဟု ကင်ဂျုံအန် ပြောကြား

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်မည်ဟု ကင်ဂျုံအန် ပြောကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ – ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်လိုကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ နှစ်ရက်အလို အာဏာရပါတီ၏ ကွန် ဂရက် ဒုတိယနေ့၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။
 
နိုင်ငံ့ကာကွယ်ရေးစွမ်းပကားကို ပိုမို မြင့်မားသောအဆင့်အထိ မြှင့်တင်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုး၏ လုံခြုံ ရေးကို ကာကွယ်စောင့်ရှောက်မည်ဟု ကွန်ဂရက်သို့ပေးပို့သည့် သဝမ်လွှာတစ်ခုအတွင်း ကင်ဂျုံအန်က ပြောကြား ကြောင်း ကိုရီးယားဗဟိုသတင်းဌာနက ဖော်ပြသည်။
 
မြောက်ကိုရီးယားနိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း နျူကလီးယားဗုံး သို့မဟုတ် တာဝေးပစ်ဒုံးကျည် စမ်း သပ်ခဲ့ခြင်းမရှိသော်လည်း ကင်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သုံးကြိမ် တွေ့ဆုံပြီးနောက် နျူက လီးယားတပ်ဖွဲ့ကို အင်အားတောင့်တင်းအောင် တည်ဆောက်လျက်ရှိသည်။
 
နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည်ဟု ယူဆရသည့် ဒုံးကျည်သစ်တစ်မျိုး ထုတ်ဖော်ပြသခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကြီးမားသော စစ်ရေးလေ့ကျင့်မှုတစ်ခုကို ကင်ဂျုံအန်က ကြီးကြပ်ခဲ့ သည်။
 
ကင်ဂျုံအန် အာဏာရရှိလာပြီးနောက် ဒုတိယအကြိမ်ကျင်းပသည့် မြောက်ကိုရီးယား အာဏာရပါတီ၏ ကွန်ဂရက်ကို ဇန်နဝါရီလ ၅ ရက်က ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် အစည်းအဝေး၌ ကြေညာခဲ့သည့် စီးပွားရေးမဟာ ဗျူဟာက ရည်မှန်းချက်များ မပြည့်မီခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။
 
အစည်းအဝေး ပထမနေ့တွင် ကင်ဂျုံအန်က အမျိုးသားပြန်လည်ပေါင်းစည်းရေး၊ ပြင်ပဆက်ဆံရေးနှင့် အာဏာရပါတီ၏ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးမည့် အရေးပါသော မဟာဗျူဟာမြောက် မူဝါဒများ ကြေညာခဲ့ သည်။
 
ကိုးကား – ဂျပန်တိုင်းမ်
 
Ref; North Korea’s Kim vows to boost nuclear-armed country’s ‘defense capabilities’
 
(unicode)
…………………………………………….
 
 
 
 
 
 
 
 
 
Ref; North Korea’s Kim vows to boost nuclear-armed country’s ‘defense capabilities’

Share this post