• Follow Us on

Home ပထမအႀကိမ္ မဲဆႏၵရွင္စာရင္း ထုတ္ျပန္ရာတြင္ မိသားစုလိုက္ မဲစာရင္းမပါသူမ်ားရွိေနေၾကာင္း ရန္ကုန္တုိင္း ကရင္တုိင္းရင္းသားေရးရာ ကုိယ္စားလွယ္ေလာင္း ေဒၚေနာ္အုန္းလွ ေျပာဆုိ

ပထမအႀကိမ္ မဲဆႏၵရွင္စာရင္း ထုတ္ျပန္ရာတြင္ မိသားစုလိုက္ မဲစာရင္းမပါသူမ်ားရွိေနေၾကာင္း ရန္ကုန္တုိင္း ကရင္တုိင္းရင္းသားေရးရာ ကုိယ္စားလွယ္ေလာင္း ေဒၚေနာ္အုန္းလွ ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၉

ပထမအႀကိမ္ မဲဆႏၵရွင္စာရင္းထုတ္ျပန္ရာတြင္ မိသားစုလိုက္မဲစာရင္းမပါသူမ်ားလည္းရွိေနေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး ကရင္တိုင္းရင္းသားေရးရာ၀န္ႀကီးေနရာ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ေဒၚေနာ္အုံးလွကေျပာသည္။

“မဲစာရင္းေတာ္ေတာ္မ်ားမ်ားက ထည့္ေပးလိုက္တုန္းက ကရင္နာမည္ေတြကို အခုဦးေတြေဒၚေတြျဖစ္ေနတာ ေပါ့။ အဲဒါလူေတြႀကဳံေတြ႕ရေတာ့ အင္းစိန္ကေန အန္တီကိုေျပာျပၾကတာရွိတယ္။ တခ်ိဳ႕လည္း နာမည္စာရင္း မပါဘူး။ တခ်ိဳ႕လည္း မိသားစုလိုက္ မဲစာရင္းက ေပ်ာက္ေနတယ္။ အန္တီတို႔ကိုလာေျပာတယ္။ မဲစာရင္းမွန္ ကန္ဖို႔ကေတာ့ အန္တီတို႔ျဖစ္ေစခ်င္တာ မဲစာရင္းမွားေနရင္ျပန္ျပင္ရမွာေပါ့။ ေကာ္မရွင္ကေသခ်ာစီစစ္ဖို႔ လို တာေပါ့။ အရင္ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ အရင္အစိုးရဖြဲ႕တာေပါ့။ အခုေကာ္မရွင္ကေတာ့ အခုအစိုးရ ဖြဲ႕တာေပါ့။ ကြာျခားတာကေတာ့ အခုပိုေတာင္ဆိုးလာတယ္”ဟု ၎ကေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ဆႏၵမဲေပးခြင့္ရွိသူမ်ားအမည္စာရင္းကို ဇူလိုင္ ၂၅ ရက္မွ ၾသဂုတ္လ ၇ ရက္အထိ သက္ဆိုင္ရာရပ္ကြက္၊ ေက်းရြာေကာ္မရွင္ခြဲ႐ုံးမ်ားတြင္ ေၾကညာကပ္ထားမည္ျဖစ္ၿပီး မဲစာရင္းတြင္အမည္စာရင္း မပါပါက ပုံစံ ၃ ျဖင့္ ကာယကံရွင္မွ မွတ္ပုံတင္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴတို႔ျဖင့္ ေလွ်ာက္ထားရမည္ျဖစ္သည္။

လက္ရွိရန္ကုန္တိုင္းေဒသႀကီးတြင္ မွတ္ပုံတင္ထပ္ေသာမဲဆႏၵရွင္ ၄ သိန္းေက်ာ္ရွိေၾကာင္းသိရၿပီး ၂၀၂၀ ေရြး ေကာက္ပြဲကို ၂၀၂ဝ ျပည့္ႏွစ္ ႏို၀င္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္းေၾကညာထားသည္။

#PeopleMedia #2020election #ေနာ္အုန္းလွ

(unicode)
ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာတွင် မိသားစုလိုက် မဲစာရင်းမပါသူများရှိနေကြောင်း ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ဒေါ်နော်အုန်းလှ ပြောဆို
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၉

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် မိသားစုလိုက်မဲစာရင်းမပါသူများလည်းရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နော်အုံးလှကပြောသည်။

“မဲစာရင်းတော်တော်များများက ထည့်ပေးလိုက်တုန်းက ကရင်နာမည်တွေကို အခုဦးတွေဒေါ်တွေဖြစ်နေတာ ပေါ့။ အဲဒါလူတွေကြုံတွေ့ရတော့ အင်းစိန်ကနေ အန်တီကိုပြောပြကြတာရှိတယ်။ တချို့လည်း နာမည်စာရင်း မပါဘူး။ တချို့လည်း မိသားစုလိုက် မဲစာရင်းက ပျောက်နေတယ်။ အန်တီတို့ကိုလာပြောတယ်။ မဲစာရင်းမှန် ကန်ဖို့ကတော့ အန်တီတို့ဖြစ်စေချင်တာ မဲစာရင်းမှားနေရင်ပြန်ပြင်ရမှာပေါ့။ ကော်မရှင်ကသေချာစီစစ်ဖို့ လို တာပေါ့။ အရင်ရွေးကောက်ပွဲကော်မရှင်ကတော့ အရင်အစိုးရဖွဲ့တာပေါ့။ အခုကော်မရှင်ကတော့ အခုအစိုးရ ဖွဲ့တာပေါ့။ ကွာခြားတာကတော့ အခုပိုတောင်ဆိုးလာတယ်”ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူများအမည်စာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၇ ရက်အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်ခွဲရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲစာရင်းတွင်အမည်စာရင်း မပါပါက ပုံစံ ၃ ဖြင့် ကာယကံရှင်မှ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထပ်သောမဲဆန္ဒရှင် ၄ သိန်းကျော်ရှိကြောင်းသိရပြီး ၂၀၂၀ ရွေး ကောက်ပွဲကို ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းကြေညာထားသည်။

#PeopleMedia #2020election #နော်အုန်းလှ


Share this post