• Follow Us on

Home ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းမှ ဝန်ထမ်းများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေး

ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းမှ ဝန်ထမ်းများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေး

Share this post

မန္တလေး၊ မတ် ၂၁

 

ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများအား တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးခဲ့ကြောင်း မတ် ၁၉ ရက် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်း ဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲမှ သိရသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံး အချက်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဓိကကျသည့် စီမံချက်တစ်ခုဖြစ် ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် နိုင်ငံတော်စီမံချက်ဖြစ်ပါ ကြောင်း၊ ပန်းခင်းစီမံချက်သည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်ကာလအတွင်း၊ သတ်မှတ် အရေအတွက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ယင်းစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၃ ရက်ထိ (၁၈) လတာကာလအတွင်း ပြီးစီးရန် အရေအတွက် လျာထားသတ်မှတ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန် (၁၁၅၈၉၇) ဦး လျာထားသတ်မှတ်ခဲ့ရာ ယခုအခါ တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

 

ယင်းလုပ်ငန်းစီမံချက်သည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်ရသော်လည်း ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာ နအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် မန္တလေးတိုင်းဒေသကြီးတို့သည် ပန်းခင်းစီမံချက်ဖြင့် တိုင်းလုံးကျွတ် လျာထားချက်ကို သတ်မှတ်ကာလအတွင်း ဆောလျင်စွာပြီးစီးခဲ့ကြောင်း၊ ယခု တနင်္သာရီတိုင်းဒေသကြီးသည် (၅) ခုမြောက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာသီဥတု၊ ကျွန်းများပေါများပြီး သွားရေးလာရေး လမ်းပန်းခက်ခဲမှုများကြားမှ ယခုကဲ့သို့ တိုင်းလုံးကျွတ်ဆောင်ရွက်နိုင်ခြင်းအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီပြီးစီး အောင်မြင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး ဦးစီးမှူး ဦးယဉ်ထွေးကို ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်ပြီး ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းဒေသ ကြီးမှ ဝန်ထမ်းများအား တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရ သည်။

 

#PeopleMedia

 

(unicode)


…………………………………………..

 

မန်တလေး၊ မတျ ၂၁

 


 


 


 


 

#PeopleMedia


Share this post