• Follow Us on

Home ပလက္ဝၿမိဳ႕နယ္၊ မီးလက္ဝ ေက်း႐ြာရွိ အိမ္ေျခ ၅၀ မီးရွို႔ခံရ၊ရွို႔မီးဟု ၿမိဳ႕နယ္ေထြအုပ္ေျပာဆို

ပလက္ဝၿမိဳ႕နယ္၊ မီးလက္ဝ ေက်း႐ြာရွိ အိမ္ေျခ ၅၀ မီးရွို႔ခံရ၊ရွို႔မီးဟု ၿမိဳ႕နယ္ေထြအုပ္ေျပာဆို

Share this post

ကေလး၊ေမ – ၂၆

ခ်င္းျပည္နယ္ ၊ပလက္ဝၿမိဳ႕နယ္၊ မီးလက္ဝေက်း႐ြာရွိ အိမ္ေျခ ၅၀ ယေန႕ ေန႕လည္ ၂ နာရီ၄၅မိနစ္ခန့္က မီးေလာင္မႈသည္ မီးရွို႔ခံရျခင္းျဖစ္ေၾကာင္း ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးေအာင္ေလာ့ဟာကေျပာသည္။

“ဒီေန႕ ေန႕လည္ေလာက္က မီးစေလာင္တာပါ။ဘယ္သူရွို႔တာလဲေတာ့မသိရေသးပါဘူး။အိမ္ေျခ ၅၀ ေလာက္ေလာင္ေနတာပါ။သြားလို႔လာလို႔လဲမရဘူး။သြားၿငိမ္းသတ္လို႔လဲမရဘူး။အခုခ်ိန္ထိ မီးေလာင္ေနတုန္းပါပဲ”ဟု ၎ကေျပာသည္။

ယခုမီးေလာင္မႈျဖစ္ပြားေနသည့္ပလက္ဝၿမိဳ႕နယ္ မီးလက္ဝေက်း႐ြာတြင္ အိမ္ေျခ ၁၂၀ ေက်ာ္ရွိသည္။

“မီးလက္ဝေက်း႐ြာမီးရွို႔ခံရတာဟုတ္ပါတယ္။အိမ္ေျခ ၄၀ ေက်ာ္ေလာက္ မီးေလာင္ေနတယ္လို႔ သတင္းရထားပါတယ္၊ဘယ္သူရွို႔တာလဲဆိုတာလဲ မသိရေသးပါဘူး။မီးလက္ဝ႐ြာက ပလက္ဝၿမိဳ႕နဲ႕သိပ္မေဝးပါဘူး။အခုေလာေလာဆယ္အဲအနားတဝိုက္မွာ တပ္မေတာ္နဲ႕ေအေအလက္နက္ကိုင္ေတြ တိုက္ပြဲျဖစ္ေနၾကတာပါ”ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

AA အဖြဲ႕သည္ ပလက္ဝၿမိဳ႕နယ္၌ အေျခခ် လႈပ္ရွားရန္ ႀကိဳးစားမႈကို တပ္မေတာ္မွ နယ္ေျမ ရွင္းလင္းလွ်က္ရွိသည္။

ဓာတ္ပုံ – ပလက္ဝၿမိဳ႕ျပန္ဆက္

သူရိယထက္

#PeopleMedia #ပလက္ဝ

[Unicode]
ပလက်ဝမြို့နယ်၊မီးလက်ဝ ကျေးရွာရှိ အိမ်ခြေ ၅၀ မီးရှို့ခံရ၊ရှို့မီးဟု မြို့နယ်ထွေအုပ်ပြောဆို
…………………………………………………………………………………
ကလေး၊မေ – ၂၆

ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်၊ မီးလက်ဝကျေးရွာရှိ အိမ်ခြေ ၅၀ ယနေ့ နေ့လည် ၂ နာရီ၄၅မိနစ်ခန့်က မီးလောင်မှုသည် မီးရှို့ခံရခြင်းဖြစ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်လော့ဟာကပြောသည်။

“ဒီနေ့ နေ့လည်လောက်က မီးစလောင်တာပါ။ဘယ်သူရှို့တာလဲတော့မသိရသေးပါဘူး။အိမ်ခြေ ၅၀ လောက်လောင်နေတာပါ။သွားလို့လာလို့လဲမရဘူး။သွားငြိမ်းသတ်လို့လဲမရဘူး။အခုချိန်ထိ မီးလောင်နေတုန်းပါပဲ”ဟု ၎င်းကပြောသည်။

ယခုမီးလောင်မှုဖြစ်ပွားနေသည့်ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိသည်။

“မီးလက်ဝကျေးရွာမီးရှို့ခံရတာဟုတ်ပါတယ်။အိမ်ခြေ ၄၀ ကျော်လောက် မီးလောင်နေတယ်လို့ သတင်းရထားပါတယ်၊ဘယ်သူရှို့တာလဲဆိုတာလဲ မသိရသေးပါဘူး။မီးလက်ဝရွာက ပလက်ဝမြို့နဲ့သိပ်မဝေးပါဘူး။အခုလောလောဆယ်အဲအနားတဝိုက်မှာ တပ်မတော်နဲ့အေအေလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်နေကြတာပါ”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

AA အဖွဲ့သည် ပလက်ဝမြို့နယ်၌ အခြေချ လှုပ်ရှားရန် ကြိုးစားမှုကို တပ်မတော်မှ နယ်မြေ ရှင်းလင်းလျှက်ရှိသည်။

ဓာတ်ပုံ – ပလက်ဝမြို့ပြန်ဆက်

သူရိယထက်

#PeopleMedia #ပလက်ဝ


Share this post