• Follow Us on

Home ပလိပ်မြို့၌ မှုခင်းသတင်းထောက်တစ်ဦး သေနတ်ဖြင့် လုပ်ကြံခြင်းခံရ၊ တိုင်းဒေသကြီးအချို့၌ မှုခင်းသတင်း ထောက်များ လုပ်ကြံခံရမှုများ ဖြစ်ပေါ်နေ

ပလိပ်မြို့၌ မှုခင်းသတင်းထောက်တစ်ဦး သေနတ်ဖြင့် လုပ်ကြံခြင်းခံရ၊ တိုင်းဒေသကြီးအချို့၌ မှုခင်းသတင်း ထောက်များ လုပ်ကြံခံရမှုများ ဖြစ်ပေါ်နေ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃ (People Media)

 

ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၌ မှုခင်းသတင်းထောက် တစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုသည်။

 

သေဆုံးသူသည် ပလိပ်မြို့ ဘူတာရွာရှိ လက်ဘက်ရည်ဆိုင်၌ ထိုင်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ ဆိုင် ကယ်ဖြင့် လာရောက်လုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“သတင်းထောက်ဆိုတာကတော့ ဟုတ်တယ်။ ရာအိမ်မှူးဟုတ်မဟုတ်ဆိုတာကတော့ မသိဘူး။ လမ်းထဲမှာ လည်း မကြာခဏတော့ တွေ့ဖူးပါတယ်။ မနေ့က အသတ်ခံရတာ ဖြစ်တာကတော့ လက်ဘက်ရည်ဆိုင်က မှာထိုင်နေရင်း အသတ်ခံရတာ အသံတိတ်နဲ့ ပစ်တာလို့တော့ ပြောတာပဲ လက်ဘက်ရည်ဆိုင်မှာ လူရှိပေမယ့် အပစ်ခံရတာကို မသိလိုက်ကြဘူး” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ရေနံချောင်းမြို့ရှိ မှုခင်းသတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရ သလို ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအပါအဝင် အခြားသော တိုင်းဒေသကြီးများ၌ မှုခင်းသတင်းထောက်များ လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #မန္တလေး #မှုခင်းသတင်းထောက်

 

(unicode)


…………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post