• Follow Us on

Home ပိုင္နက္အျငင္းပြားေနတဲ့ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္စစ္ေရးေလ့ က်င့္ေနတာကို ပင္တဂြန္ေ၀ဖန္

ပိုင္နက္အျငင္းပြားေနတဲ့ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္စစ္ေရးေလ့ က်င့္ေနတာကို ပင္တဂြန္ေ၀ဖန္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၃

ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္က စစ္ေရးေလ့က်င့္မႈေတြလုပ္ေနတာနဲ႔ပတ္သက္ၿပီး ၾကာသပေတးေန႔မွာ အေမရိကန္ကာကြယ္ေရး၀န္ႀကီးဌာနကစိုးရိမ္ေၾကာင္းေျပာပါတယ္။

အျငင္းပြားေရပိုင္နက္မွာ ဒီလုပ္ရပ္ေၾကာင့္ အေျခအေနတည္ၿငိမ္မႈပ်က္ျပားႏိုင္တယ္လို႔ေျပာၿပီး ေ၀ဖန္လိုက္ တာပါ။

“ေတာင္တ႐ုတ္ပင္လယ္ရဲ႕အျငင္းပြားေရပိုင္နက္မွာ စစ္ေရးေလ့က်င့္မႈလုပ္ေနတာဟာ တင္းမာမႈေတြ ေလွ်ာ့ခ် ဖို႔နဲ႔ ဆက္ၿပီးတည္ၿငိမ္ေနဖို႔အားထုတ္မႈေတြနဲ႔ ေျပာင္းျပန္သက္ေရာက္မႈ႐ွိေနပါတယ္”လို႔ အေမရိကန္ကာကြယ္ ေရး၀န္ႀကီးဌာနထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

ဗီယက္နမ္ေရာ၊ တ႐ုတ္ေရာကပိုင္ဆိုင္တယ္လို႔ေျပာေနတဲ့ ပါရာဆယ္ကၽြန္းစုနားမွာ ဇူလိုင္ ၁ ရက္ကစၿပီး ၅ ရက္ၾကာစစ္ေရးေလ့က်င့္မႈလုပ္ဖို႔စီစဥ္ထားတယ္ဆိုၿပီး ၿပီးခဲ့တဲ့တစ္ပတ္မွာ တ႐ုတ္ႏိုင္ငံက ေၾကညာခဲ့ပါတယ္။

“စစ္ေရးေလ့က်င့္မႈေတြဟာ ေတာင္တ႐ုတ္ပင္လယ္ထဲကအိမ္နီးခ်င္းအေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြကို ဆံုး႐ွံဳးမႈ ေတြ႐ွိေစၿပီး ဥပေဒျပင္ပေရပိုင္နက္ျငင္းဆိုမႈေတြလုပ္ဖို႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕လုပ္ရပ္ေတြထဲမွာ ေနာက္ ဆံုးျဖစ္ရပ္ျဖစ္ပါတယ္” လို႔လည္း အေမရိကန္ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္ကို စစ္ပံုသြင္းေနၿပီး အရံေရနံနဲ႔သဘာ၀ဓာတ္ေငြ႕ေတြကို အက်ိဳး႐ွိ႐ွိ သံုးခ်င္တဲ့အာ႐ွအိမ္နီးခ်င္းႏိုင္ငံေတြကို ၿခိမ္းေျခာက္ဖို႔ႀကိဳးစားေနတယ္လို႔ အေမရိကန္ကစြပ္စြဲပါတယ္။ စြမ္းအင္ႂကြယ္၀ႏိုင္တဲ့ေတာင္တ႐ုတ္ပင္လယ္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကိုပိုင္တယ္လို႔ တ႐ုတ္ကေျပာေပမဲ့ ဘ႐ူႏိုင္း၊ မေလး႐ွား၊ ဖိလစ္ပိုင္၊ ထိုင္၀မ္နဲ႔ ဗီယက္နမ္တို႔ကလည္း တစိတ္တပိုင္းပိုင္တယ္လို႔ေျပာၾကပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ကိုျဖတ္ၿပီးကုန္သြယ္ေနတာဟာ တစ္ႏွစ္ကို အေမရိကန္ေဒၚလာသန္းေပါင္း ၃ သန္း ေလာက္ တန္ဖိုး႐ွိပါတယ္။

Ref : Pentagon criticises Chinese military drills in disputed South China Sea

#PeopleMedia

(Unicode)
ပိုင်နက်အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ ကျင့်နေတာကို ပင်တဂွန်ဝေဖန်
……………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃

တောင်တရုတ်ပင်လယ်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတာနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကစိုးရိမ်ကြောင်းပြောပါတယ်။

အငြင်းပွားရေပိုင်နက်မှာ ဒီလုပ်ရပ်ကြောင့် အခြေအနေတည်ငြိမ်မှုပျက်ပြားနိုင်တယ်လို့ပြောပြီး ဝေဖန်လိုက် တာပါ။

“တောင်တရုတ်ပင်လယ်ရဲ့အငြင်းပွားရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုလုပ်နေတာဟာ တင်းမာမှုတွေ လျှော့ချ ဖို့နဲ့ ဆက်ပြီးတည်ငြိမ်နေဖို့အားထုတ်မှုတွေနဲ့ ပြောင်းပြန်သက်ရောက်မှုရှိနေပါတယ်”လို့ အမေရိကန်ကာကွယ် ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဗီယက်နမ်ရော၊ တရုတ်ရောကပိုင်ဆိုင်တယ်လို့ပြောနေတဲ့ ပါရာဆယ်ကျွန်းစုနားမှာ ဇူလိုင် ၁ ရက်ကစပြီး ၅ ရက်ကြာစစ်ရေးလေ့ကျင့်မှုလုပ်ဖို့စီစဉ်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။

“စစ်ရေးလေ့ကျင့်မှုတွေဟာ တောင်တရုတ်ပင်လယ်ထဲကအိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံတွေကို ဆုံးရှုံးမှု တွေရှိစေပြီး ဥပဒေပြင်ပရေပိုင်နက်ငြင်းဆိုမှုတွေလုပ်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့လုပ်ရပ်တွေထဲမှာ နောက် ဆုံးဖြစ်ရပ်ဖြစ်ပါတယ်” လို့လည်း အမေရိကန်ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ကို စစ်ပုံသွင်းနေပြီး အရံရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို အကျိုးရှိရှိ သုံးချင်တဲ့အာရှအိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ကြိုးစားနေတယ်လို့ အမေရိကန်ကစွပ်စွဲပါတယ်။ စွမ်းအင်ကြွယ်ဝနိုင်တဲ့တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကိုပိုင်တယ်လို့ တရုတ်ကပြောပေမဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း တစိတ်တပိုင်းပိုင်တယ်လို့ပြောကြပါတယ်။

တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးကုန်သွယ်နေတာဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းပေါင်း ၃ သန်း လောက် တန်ဖိုးရှိပါတယ်။

Ref : Pentagon criticises Chinese military drills in disputed South China Sea

#PeopleMedia


Share this post