• Follow Us on

Home ပုဇြန္ေတာင္ၿမိဳ႕နယ္ UEC ဥကၠ႒ ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္၊ ကိုဗစ္ေရာဂါေၾကာင့္ UEC တာ၀န္ရွိသူမ်ား ေသဆုံးသူ ၇ ဦးအထိရွိလာ

ပုဇြန္ေတာင္ၿမိဳ႕နယ္ UEC ဥကၠ႒ ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္၊ ကိုဗစ္ေရာဂါေၾကာင့္ UEC တာ၀န္ရွိသူမ်ား ေသဆုံးသူ ၇ ဦးအထိရွိလာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ ေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒သည္ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၁ ရက္ေန႔က ကို ဗစ္ေရာဂါလကၡဏာျဖင့္ ကြယ္လြန္ခဲ့ေၾကာင္း ပုဇြန္ေတာင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ရန္ကုန္တိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕က အတည္ျပဳေျပာဆိုပါတယ္။
ပုဇြန္ေတာင္ၿမိဳ႕နယ္ ေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒သည္ ေရြးေကာက္ပြဲမတိုင္မီ နိုဝင္ဘာ ၂ ရက္ေန႔က ေရာဂါပိုးေတြ႕ ရွိခဲ့ၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီး၌ ေဆးကုသခံယူခဲ့ရာ ဒီဇင္ဘာ ၁၁ ရက္၌ ကြယ္လြန္ခဲ့ျခင္းျဖစ္ပါတယ္။
“ေရြးေကာက္ပြဲမတိုင္မီ ႏွစ္ရက္သုံးရက္ေလာက္ေတာ့လို႔ ထင္ပါတယ္။ သူက ေပ့ါစတစ္ျဖစ္သြားတယ္။ ေပါ့စတစ္ျဖစ္သြားၿပီးေတာ့ အိမ္ကိုျပန္မေရာက္ေတာ့ပဲနဲ႔ ေဆး႐ုံႀကီးကိုတန္းေရာက္သြားတယ္ဆိုေတာ့ ကိုဗစ္နဲ႔ျဖစ္တယ္လို႔ပဲ ယူဆပါတယ္” ဟု ပုဇြန္ေတာင္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္လြင္က ေျပာပါတယ္။
ပုဇြန္ေတာင္ၿမိဳ႕နယ္ ေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ေသဆုံးမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး ေရြး ေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ လူမႈကြန္ယက္စာမ်က္နာတြင္ ဒီဇင္ဘာ ၁၁ ရက္စြဲျဖင့္ မိသားစုႏွင့္ ထပ္တူ၀မ္းနည္းေၾကာင္း ေဖာ္ျပထားပါတယ္။
“ဟုတ္ကဲ့ပါ ကၽြန္ေတာ္တို႔ ေဖ့ဘုတ္မွာ တင္ေပးထားပါတယ္ အဲ့ဒါနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔ ထုတ္ျပန္စရာ မလိုဘူးလို႔ထင္ပါတယ္” ဟု ရန္ကုန္တိုင္းေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးတင္ေမာင္ေအးက ေျပာပါတယ္။
ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ တာ၀န္ရွိသူတစ္ခ်ိဳ႕ေရာဂါကူး စက္မႈရွိခဲ့ၿပီး ယင္းထဲတြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕၀င္မ်ားပါဝင္ခဲ့ေၾကာင္း သိရပါ တယ္။
“စျဖစ္တာက အတြင္းေရးမွဴးက စျဖစ္တာ အတြင္းေရးမွဴးစျဖစ္ၿပီးေတာ့ သူစျဖစ္တယ္။ အတြင္းေရးမွဴးနဲ႔ သူျဖစ္တာက တစ္ပတ္ ဆယ္ရက္ေလာက္ေတာ့ကြာတယ္” ဟု ဦးတင္လြင္က ေျပာပါတယ္။
ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနစဥ္ကာလတြင္ ေရြးေကာက္ပြဲက်င္းပမႈေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး ေရြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕တြင္ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္(၄၄)ဦး၊ မဲ႐ုံမႉးႏွင့္ မဲ႐ုံအဖြဲ႕ဝင္(၅၁)ဦး၊ စုစုေပါင္း (၉၅) ဦးတို႔သည္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ၾကရၿပီးေနာက္ ပုဇြန္ေတာင္ၿမိဳ႕နယ္ UEC ဥကၠ႒၊ ေကာ္မရွင္အဖြဲ႕ဝင္ ၇ ဦးအထိ ေသဆုံးမႈရွိခဲ့ပါတယ္။
#PeopleMedia #COVID #ပုဇြန္ေတာင္ #UEC
(unicode)
ပုဇွန်တောင်မြို့နယ် UEC ဥက္ကဋ္ဌ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်၊ ကိုဗစ်ရောဂါကြောင့် UEC တာဝန်ရှိသူများ သေဆုံးသူ ၇ ဦးအထိရှိလာ
………………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌသည် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကို ဗစ်ရောဂါလက္ခဏာဖြင့် ကွယ်လွန်ခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့က အတည်ပြုပြောဆိုပါတယ်။
ပုဇွန်တောင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌသည် ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၂ ရက်နေ့က ရောဂါပိုးတွေ့ ရှိခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသခံယူခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။
“ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်သုံးရက်လောက်တော့လို့ ထင်ပါတယ်။ သူက ပေ့ါစတစ်ဖြစ်သွားတယ်။ ပေါ့စတစ်ဖြစ်သွားပြီးတော့ အိမ်ကိုပြန်မရောက်တော့ပဲနဲ့ ဆေးရုံကြီးကိုတန်းရောက်သွားတယ်ဆိုတော့ ကိုဗစ်နဲ့ဖြစ်တယ်လို့ပဲ ယူဆပါတယ်” ဟု ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။
ပုဇွန်တောင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ သေဆုံးမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ လူမှုကွန်ယက်စာမျက်နာတွင် ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။
“ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဖေ့ဘုတ်မှာ တင်ပေးထားပါတယ် အဲ့ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထုတ်ပြန်စရာ မလိုဘူးလို့ထင်ပါတယ်” ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောပါတယ်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတစ်ချို့ရောဂါကူး စက်မှုရှိခဲ့ပြီး ယင်းထဲတွင် ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များပါဝင်ခဲ့ကြောင်း သိရပါ တယ်။
“စဖြစ်တာက အတွင်းရေးမှူးက စဖြစ်တာ အတွင်းရေးမှူးစဖြစ်ပြီးတော့ သူစဖြစ်တယ်။ အတွင်းရေးမှူးနဲ့ သူဖြစ်တာက တစ်ပတ် ဆယ်ရက်လောက်တော့ကွာတယ်” ဟု ဦးတင်လွင်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ရွေးကောက်ပွဲကျင်းပမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၄၄)ဦး၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်(၅၁)ဦး၊ စုစုပေါင်း (၉၅) ဦးတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ကြရပြီးနောက် ပုဇွန်တောင်မြို့နယ် UEC ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် ၇ ဦးအထိ သေဆုံးမှုရှိခဲ့ပါတယ်။

Share this post