• Follow Us on

Home ယင်းမာပင်မြို့နယ်၌ ဗိုလ်နဂါးအဖွဲ့(ပုလဲ-PDF)နဲ့ လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပေါ်နေ

ယင်းမာပင်မြို့နယ်၌ ဗိုလ်နဂါးအဖွဲ့(ပုလဲ-PDF)နဲ့ လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပေါ်နေ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၀ (People Media)

ယနေ့ နံနက် (၁၁း၃၅) အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဦးနှောက်ကျေးရွာရှိ ဗိုလ်နဂါးအဖွဲ့(ပုလဲ-PDF)နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပေါ်လျက်ရှိသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် (၁၁း၃၅) အချိန်က ယင်းမာပင်မြို့နယ်၊ ဦးနှောက်ကျေးရွာ၌ ဗိုလ်နဂါးအဖွဲ့(ပုလဲ-PDF) အဖွဲ့ သည် အစည်းအဝေးပြုလုပ်နေစဉ် လုံခြုံရေးတပ်ဖွဲ့များသည် ရဟတ်ယာဉ်များ အသုံးပြုပြီး အဆိုပါနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တပ်က ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ လာချသွားတာ။ အစည်းအဝေးလုပ်တဲ့နေရာကို ဝိုင်းတာ။ တိုက်ပွဲ တော့ဖြစ်တယ်။ ဗိုလ်နဂါးကို မိသွားလား မမိလား နောက်ဆုံးအခြေအနေတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

ပုလဲအခြေပြု ဗိုလ်နဂါးအဖွဲ့သည် အင်အားထောင့်တင်းသည့် PDF အဖွဲ့တစ်ခုဖြစ်သလို လုံခြုံရေးအဖွဲ့၏ ထောက်ပို့လမ်းကြောင်းများကို မိုင်းခွဲတိုက်ခိုက်လျက်ရှိသည့်အဖွဲ့ ဖြစ်သည်။

#PeopleMedia #ပုလဲPDF

(unicode)

…………………………………………………………..








Share this post