• Follow Us on

Home ပဲခူးတိုင္းေဒသႀကီးရွိ (CMP) စက္႐ုံ၊ အလုပ္႐ုံမ်ားကို ေအာက္တိုဘာ ၂၅ ရက္အထိ ဆက္လက္ ပိတ္သိမ္း ထားရန္ ညြန္ၾကားထား

ပဲခူးတိုင္းေဒသႀကီးရွိ (CMP) စက္႐ုံ၊ အလုပ္႐ုံမ်ားကို ေအာက္တိုဘာ ၂၅ ရက္အထိ ဆက္လက္ ပိတ္သိမ္း ထားရန္ ညြန္ၾကားထား

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၀

ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳ႕နယ္ႏွင့္ သနပ္ပင္ၿမိဳ႕နယ္ရွိ လက္ခစားလုပ္ငန္း(CMP)စက္႐ုံ၊ အလုပ္႐ုံမ်ား ေအာက္ တိုဘာ ၂၅ ရက္အထိ ယာယီဆက္လက္ပိတ္သိမ္းရန္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေအာက္တိုဘာ ၁၀ ပါ ရက္စြဲနဲ႔ ညြန္ၾကားလိုက္ပါတယ္။

ပဲခူးတိုင္းေဒသႀကီးအစိုးရသည္ COVID-19 ေရာဂါပိုးေတြ႕ရွိသူဦးေရမ်ား၍ Stay at Home ေနထိုင္ရေသာ သတ္မွတ္ထားသည့္ ကဝၿမိဳ႕နယ္ႏွင့္ သနပ္ပင္ၿမိဳ႕နယ္တို႔တြင္ ဖြင့္လွစ္ထားသည့္ လက္ခစားလုပ္ငန္း(CMP) စက္႐ုံ၊ အလုပ္႐ုံမ်ားအား စင္တင္ဘာ ၂၈ ရက္မွ ေအာက္တိုဘာ ၁၁ ရက္အထိ ယာယီပိတ္သိမ္းရန္ ကနဦး ညြန္ၾကားခဲ့ၿပီး ယခုတြင္ ေအာက္တိုဘာ ၂၅ ရက္အထိ ပိတ္သိမ္းထား ထပ္မံညြန္ၾကားခဲ့ျခင္းျဖစ္သည္။

“ပိတ္တဲ့ကာလတိုးလိုက္တဲ့အတြက္ အလုပ္သမားေတြ ဝင္ေငြနစ္နာမူေတြကို ဘယ္သူကတာဝန္ယူေပးမွာလဲဆို တာ အလုပ္သမားေတြသိခ်င္တဲ့အခ်က္ပဲ၊ တစ္လလုံးအလုပ္မလုပ္ရတဲ့အတြက္ ဝင္ေငြက မရွိေတာ့ဘူး” ဟု ပဲခူးတိုင္းေဒသႀကီးအေျခခံအလုပ္သမားသမဂၢအဖြဲ႕မွ ကိုျမင့္ေဝက ေျပာသည္။

COVID-19 ေရာဂါကူးစက္ျပန္႔ပြားေနမူအား ပိုမိုထိန္းခ်ဳပ္နိုင္ရန္အတြက္ ပဲခူးတိုင္းေဒသႀကီး၊ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီ၏အစည္းအေဝးဆုံးျဖတ္ခ်က္အရ ပိတ္သိမ္းရမည့္ကာလကို တိုးျမႇင့္လိုက္ျခင္းလဲ ျဖစ္ပါတယ္။

ထိုသို႔ ယာယီပိတ္သိမ္းရမည့္လုပ္ငန္းမ်ားတြင္ စားေသာက္ကုန္ႏွင့္ သား၊ ငါး အေအးခန္းလုပ္ငန္းမ်ား၊ ေဆးဝါး ႏွင့္ ေဆးပစၥည္း ကိရိယာထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းမ်ား၊ ေရသန္႔ထုတ္လုပ္ျဖန္႔ျဖဴး ေရာင္းခ် ေရးလုပ္ငန္းမ်ား၊ ေန႔စဥ္တစ္ကိုယ္ေရသုံး ပစၥည္း ထုတ္လုပ္ေရးလုပ္ငန္းမ်ားမပါဝင္ေၾကာင္းေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

#PeopleMedia

(Unicode)
ပဲခူးတိုင်းဒေသကြီးရှိ (CMP) စက်ရုံ၊ အလုပ်ရုံများကို အောက်တိုဘာ ၂၅ ရက်အထိ ဆက်လက် ပိတ်သိမ်း ထားရန် ညွန်ကြားထား
…………………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်ရှိ လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများ အောက် တိုဘာ ၂၅ ရက်အထိ ယာယီဆက်လက်ပိတ်သိမ်းရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ ၁၀ ပါ ရက်စွဲနဲ့ ညွန်ကြားလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရသည် COVID-19 ရောဂါပိုးတွေ့ရှိသူဦးရေများ၍ Stay at Home နေထိုင်ရသော သတ်မှတ်ထားသည့် ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ဖွင့်လှစ်ထားသည့် လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများအား စင်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ယာယီပိတ်သိမ်းရန် ကနဦး ညွန်ကြားခဲ့ပြီး ယခုတွင် အောက်တိုဘာ ၂၅ ရက်အထိ ပိတ်သိမ်းထား ထပ်မံညွန်ကြားခဲ့ခြင်းဖြစ်သည်။

“ပိတ်တဲ့ကာလတိုးလိုက်တဲ့အတွက် အလုပ်သမားတွေ ဝင်ငွေနစ်နာမူတွေကို ဘယ်သူကတာဝန်ယူပေးမှာလဲဆို တာ အလုပ်သမားတွေသိချင်တဲ့အချက်ပဲ၊ တစ်လလုံးအလုပ်မလုပ်ရတဲ့အတွက် ဝင်ငွေက မရှိတော့ဘူး” ဟု ပဲခူးတိုင်းဒေသကြီးအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့မှ ကိုမြင့်ဝေက ပြောသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားနေမူအား ပိုမိုထိန်းချုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်အရ ပိတ်သိမ်းရမည့်ကာလကို တိုးမြှင့်လိုက်ခြင်းလဲ ဖြစ်ပါတယ်။

ထိုသို့ ယာယီပိတ်သိမ်းရမည့်လုပ်ငန်းများတွင် စားသောက်ကုန်နှင့် သား၊ ငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါး နှင့် ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများမပါဝင်ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

#PeopleMedia


Share this post