• Follow Us on

Home ဖားကန့်၌ KIA မှ ပြည်သူ (၉) ဦးအား သတ်ဖြတ်

ဖားကန့်၌ KIA မှ ပြည်သူ (၉) ဦးအား သတ်ဖြတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် ပြည်သူ ၉ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်(KIA) က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

KIA သတ်ဖြတ်ခဲ့သည့် (၉) ဦးထဲမှ ၇ ဦးကို ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့နှင့် KIA တပ် မဟာ (၂)၊ တပ်ရင်း (၂၀) မှ တပ်သားများက မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ကျန် ၂ ဦးကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

KIA သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူများမှာ ဗန်းမော်မြို့မှ ဦးလဇွမ်တူးလွမ် ၅၄ နှစ်၊ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး ၃၅ နှစ်၊ ဦးမြင့်ထွေး ၅၀ နှစ်၊ ဦးထွန်းယုံ ၂၇ နှစ်၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ ဦးယောဟန် ၄၇ နှစ်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ ဦးကျော်စိုး ၄၉ နှစ်၊ ဒေါ်အင်ဒေါင်နန်လွမ် ၂၇ နှစ်၊ ဒေါ်ဖောင်မားခေါန်ဘူ ၂၈ နှစ်တို့အပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းတို့ ၉ ဦးအား သတ်ဖြတ်ကာ အလောင်းဖျောက်ထားခဲ့ရာမှ တစ်လအကြာ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မိသားစုဝင်များက အလောင်းများကို ပြန်လည်တူးဖော်ခဲ့ကာ မီးရှို့သြင်္ဂိုလ်ခဲ့ရကြောင်း သိရသည်။

 

Photo – KIA သတ်ဖြတ်ခဲ့သော ပြည်သူများ

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post