• Follow Us on

Home ဖားကန႔္ ေက်ာက္စိမ္းတူးေဖာ္ေရး၌ ငါးႏွစ္အတြင္း လူ ၆၄၉ ဦးေသဆုံး ခဲ့ၿပီး ၂၆၂ ဦးဒဏ္ရာရ

ဖားကန႔္ ေက်ာက္စိမ္းတူးေဖာ္ေရး၌ ငါးႏွစ္အတြင္း လူ ၆၄၉ ဦးေသဆုံး ခဲ့ၿပီး ၂၆၂ ဦးဒဏ္ရာရ

Share this post

ဖားကန႔္၊ ဇူလုိင္-၁၅

ဖားကန႔္ ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းခြင္၌ ေရမေဆးေက်ာက္ရွာေဖြသူမ်ားႏွင့္ ေက်ာက္တူးေဖာ္ေရး ဝန္ထမ္းမ်ားသည္ (၅)ႏွစ္အတြင္း၌ လူ ၆၄၉ ဦးေသဆုံးခဲ့ၿပီး၂၆၂ ဦးဒဏ္ရာရရွိသည္။

ေက်ာက္စိမ္းထြက္ရွိရာ ဖားကန္႔ၿမိဳ႕နယ္၌ ၂၀၁၅ ခုႏွစ္မွ ယေန႕( ၂၀၂၀၊ ဇူလိုင္၊ ၁၅ )အထိ ကမ္းပါၿပိဳက်ျခင္း ေက်ာက္ခဲထိမွန္ေသဆုံးျခင္းႏွင့္ ေျမစာပုံၿပိဳက်ျခင္း ၂၅၃ ႀကိမ္ျဖစ္ပြားကာ ေသဆုံးသူ ၆၄၉ ဦး၊ ဒဏ္ရာရရွိသူ ၂၆၂ ဦး ရွိေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး႐ုံး၏ စာရင္းမ်ား၌ ေဖာ္ျပထားသည္။

၂၀၁၅ တြင္ေသဆုံးသူ ၁၁၄ ဦး၊ ၂၀၁၆ တြင္ ေသဆုံးသူ ၁၀၀ဦး၊၂၀၁၇ တြင္ ေသဆုံးသူ ၁၂၄ ဦးႏွင့္ ဒဏ္ ရာရရွိသူ ၁၀၅ ဦး၊ ၂၀၁၈တြင္ ေသဆုံးသူ ၁၃၉ ဦးႏွင့္ ဒဏ္ရာရရွိသူ ၆၆ ဦး၊ ၂၀၁၉ တြင္ ၁၁၆ ဦး ေသဆုံးကာ ယေန႔ထိ ကမ္းပါးၿပိဳက်မႈ ငါးႀကိမ္ျဖစ္ပြားခဲ့ရာ ၂၃ ဦး ေသဆုံးခဲ့သည္။

ယခုလ ၂ ရက္ကေဝွခါးေမွာ္၌ ေျမၿပိဳမႈ၌ ၁၇၂ ေသးဆုံးကာ ေဒသႏၲရစာရင္းအရ ၃၅ ဦးဒဏ္ရာရရွိကာ ေဆး႐ုံ၌ ေဆးကုသမႈခံယူခဲ့ရသည္။

သတင္း – ေနာေနာ္

#PeopleMedia #ဖားကန္႔

(unicode)
ဖားကန့် ကျောက်စိမ်းတူးဖော်ရေး၌ ငါးနှစ်အတွင်း လူ ၆၄၉ ဦးသေဆုံး ခဲ့ပြီး ၂၆၂ ဦးဒဏ်ရာရ
……………………………………………………

ဖားကန့်၊ ဇူလိုင်-၁၅

ဖားကန့် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းခွင်၌ ရေမဆေးကျောက်ရှာဖွေသူများနှင့် ကျောက်တူးဖော်ရေး ဝန်ထမ်းများသည် (၅)နှစ်အတွင်း၌ လူ ၆၄၉ ဦးသေဆုံးခဲ့ပြီး၂၆၂ ဦးဒဏ်ရာရရှိသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်၌ ၂၀၁၅ ခုနှစ်မှ ယနေ့( ၂၀၂၀၊ ဇူလိုင်၊ ၁၅ )အထိ ကမ်းပါပြိုကျခြင်း ကျောက်ခဲထိမှန်သေဆုံးခြင်းနှင့် မြေစာပုံပြိုကျခြင်း ၂၅၃ ကြိမ်ဖြစ်ပွားကာ သေဆုံးသူ ၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၂၆၂ ဦး ရှိကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး၏ စာရင်းများ၌ ဖော်ပြထားသည်။

၂၀၁၅ တွင်သေဆုံးသူ ၁၁၄ ဦး၊ ၂၀၁၆ တွင် သေဆုံးသူ ၁၀၀ဦး၊၂၀၁၇ တွင် သေဆုံးသူ ၁၂၄ ဦးနှင့် ဒဏ် ရာရရှိသူ ၁၀၅ ဦး၊ ၂၀၁၈တွင် သေဆုံးသူ ၁၃၉ ဦးနှင့် ဒဏ်ရာရရှိသူ ၆၆ ဦး၊ ၂၀၁၉ တွင် ၁၁၆ ဦး သေဆုံးကာ ယနေ့ထိ ကမ်းပါးပြိုကျမှု ငါးကြိမ်ဖြစ်ပွားခဲ့ရာ ၂၃ ဦး သေဆုံးခဲ့သည်။

ယခုလ ၂ ရက်ကဝှေခါးမှော်၌ မြေပြိုမှု၌ ၁၇၂ သေးဆုံးကာ ဒေသန္တရစာရင်းအရ ၃၅ ဦးဒဏ်ရာရရှိကာ ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရသည်။

သတင်း – နောနော်

#PeopleMedia #ဖားကန့်


Share this post