• Follow Us on

Home ဖိလစ်ပိုင်လေတပ် တူရကီထုတ် T129 ရဟတ်ယာဉ်များကို ပထမဦးဆုံးအကြိမ်လက်ခံရရှိမည်

ဖိလစ်ပိုင်လေတပ် တူရကီထုတ် T129 ရဟတ်ယာဉ်များကို ပထမဦးဆုံးအကြိမ်လက်ခံရရှိမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၇ (People Media)

 

ဖိလစ်ပိုင်လေတပ်သည် လာမည့်လတွင် တူရကီလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းမှ T129 နည်းဗျူဟာ ကင်း ထောက်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ပထမဦးဆုံးအကြိမ်အဖြစ် လက်ခံရရှိတော့မည်ဖြစ်ကြောင်း ဖိလစ် ပိုင်လေတပ်က ကြေညာလိုက်သည်။

 

စစ်ဆင်ရေးကာလအတွင်း ဖိလစ်ပိုင်တပ်မတော်သားများကို အထောက်အကူပြုနိုင်ရန်အတွက် စုစုပေါင်းရဟတ် ယာဉ် ၆ စင်းကို တူရကီနိုင်ငံမှ မှာယူထားကြောင်း ဖိလစ်ပိုင်လေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးအယ်လန် ပရာဒီးစ်က ပြောသည်။

 

ရဟတ်ယာဉ်များရောက်ရှိမည့်အချိန်နှင့် အခြားသတင်းအချက်အလက်အသေးစိတ်များကို ဒုတိယဗိုလ်ချုပ်ကြီး အယ်လန်ပရာဒီးစ်က ပြောဆိုခြင်းမရှိပေ။

 

သို့သော် ဝေဟင်-မြေပြင်တိုက်ခိုက်ရေးအတွက် တာဝန်ရှိသော အမှတ် ၁၅ တိုက်ခိုက်ရေးရဟတ်ယာဉ်အုပ်အ တွက် T129 ရဟတ်ယာဉ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း အစောပိုင်းကာလကထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

 

ဖိလစ်ပိုင်အစိုးရသည် ဒေါ်လာ ၁၂.၉ ဘီလျံ (ဖိလစ်ပိုင်ပီဆိုငွေ ၂၆၉ သန်း) ကုန်ကျမည့် T129 ရဟတ်ယာဉ် ၆ စင်းတည်ဆောက်ရန် တူရကီလေကြောင်းထုတ်လုပ်ရေးလုပ်ငန်း (Turkish Aerospace Industries) ကို ကန် ထရိုက်အပ်နှံခဲ့သည်။

 

ပထမဦးဆုံးအသုတ်ရဟတ်ယာဉ်များကို စက်တင်ဘာလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လေတပ် က ကြေညာခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံသည် တူရကီနိုင်ငံထုတ် T129 ရဟတ်ယာဉ်များကို ပထမဦးဆုံးအသုံးပြုမည့် ပြင်ပနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း သတင်းများတွင်ရေးသားဖော်ပြကြသည်။

 

Ref: Philippines to Receive First T129 Attack Helicopters From Turkey

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Philippines to Receive First T129 Attack Helicopters From Turkey

 

#PeopleMedia


Share this post