• Follow Us on

Home ဖိလစ်ပိုင်လေယာဉ်မယ်သေဆုံးမှုတွင် အဓမ္မပြုကျင့်ခံရခြင်းရှိ၊ မရှိ ပေါ့ပေါ့တန်တန်စစ်ဆေးခဲ့သည့် ရဲအရာရှိကို ရာထူးမှဖယ်ရှား

ဖိလစ်ပိုင်လေယာဉ်မယ်သေဆုံးမှုတွင် အဓမ္မပြုကျင့်ခံရခြင်းရှိ၊ မရှိ ပေါ့ပေါ့တန်တန်စစ်ဆေးခဲ့သည့် ရဲအရာရှိကို ရာထူးမှဖယ်ရှား

Share this post

မနီလာ၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာ၏ လူချမ်းသာများအနေများသည့်နေရာမှ ရဲအရာရှိတယောက်ကို ရာထူးမှဖယ် ရှားရန် အမိန့်ထုတ်လိုက်သည်။

လေယာဉ်မယ်တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှုကိုစုံစမ်းစစ်ဆေးရာတွင် ပေါ့ပေါ့တန်တန်လုပ်ခဲ့သဖြင့် ထုတ်ပယ်ခြင်းဖြစ်သည်။

နှစ်သစ်ကူးအကြိုညပါတီအပြီး ဟိုတယ်အခန်းတခုထဲတွင်သေဆုံးလျက်တွေ့ရသည့် ခရစ္စတင်း ဒါစီရာ၏ ဖြစ်ရပ်သည် သီတင်းပတ်များစွာကြာအောင် သတင်းခေါင်းကြီးပိုင်းများတွင်ပါဝင်ခဲ့သည်။

သူ့ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲများကလျင်မြန်စွာပြောပြီး လူ ၃ ယောက်ကို ဖမ်းဆီးလိုက်သည်။

သို့သော် ထိုလူများကို လက်ရှိတွင်ပြန်လွှတ်လိုက်ပြီး အရာရှိများ၏ကနဦးကောက်ချက်အပေါ် မေးခွန်းထုတ်မှု များမြင့်တက်နေသည်။

ရဲမှူးကြီး ဟာရိုး ဒီပိုဆီတာကို ရာထူးမှဖယ်ရှားခြင်းသည် နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး လူသိများသည့်ဖြစ်စဉ်အား ကိုင်တွယ်ဖြေရှင်းမှုကို ဝေဖန်မှုများမြင့်တက်နေချိန်တွင် ဖယ်ရှားခြင်းဖြစ်သည်။

ယခုအမှုသည် တရားဥပဒေလုပ်ထုံလုပ်နည်းများကိုငြင်းဆိုကြောင်း သရုပ်ပြနေသည်ဟု ဝေဖန်သူများကပြော သည်။

Ref : Christine Dacera: Police chief’s removal ordered over ‘botched’ rape probe

#PeopleMedia

(unicode)
………………………………………………..









Ref : Christine Dacera: Police chief’s removal ordered over ‘botched’ rape probe

#PeopleMedia


Share this post