• Follow Us on

Home ဖွဲ့စည်းပုံဥပဒေပညာရှင် ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်အပါအဝင် အရပ်ဖက်၊ စစ်ဘက် လူပုဂ္ဂိုလ် (၇) ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးအဖြစ်ခန့်အပ်

ဖွဲ့စည်းပုံဥပဒေပညာရှင် ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်အပါအဝင် အရပ်ဖက်၊ စစ်ဘက် လူပုဂ္ဂိုလ် (၇) ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးအဖြစ်ခန့်အပ်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ (People Media)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ အကြံပေးအဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းပုံဥပဒေပညာရှင် ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်အပါအဝင် အရပ်ဖက်၊ စစ်ဘက် လူပုဂ္ဂိုလ် (၇) ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ အကြံပေးအဖြစ်ခန့်အပ်လိုက်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ခန့်အပ်လိုက်သည့် ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး (အဖွဲ့ခေါင်းဆောင်)၊ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ဒေါက်တာဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦး၊ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်၊ ဒေါ်ခင်ဦးလှိုင်၊ ဗိုလ်မှူးကြီး ထင်လင်း(ငြိမ်း)တို့အား ခန့်အပ် ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါ အကြံပေးအဖွဲ့တွင် ခန့်အပ်ခြင်းခံရသော အရပ်ဘက်စစ်ဘက်၊ လူပုဂ္ဂိုလ်များအနက် ဒေါက်တာ အင်ဒ ရူးငွန်ကျုံးလျန်သည် ဖွဲ့စည်းပုံအခြေဥပဒေပညာရှင်ဖြစ်ပြီး ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်သည် ကုလသမဂ္ဂတွင် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျန်သော လူပုဂ္ဂိုလ်များသည် သမိုင်းပညာရှင်များနှင့် ဥပဒေပညာ ရှင်များဖြစ်ကြောင်း သိရသည်။

#PeopleMedia #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

(unicode)
……………………………………………………………….







Share this post