• Follow Us on

Home ဗန်းမော်မြို့နယ်၌ တပ်မတော်စစ်ကြောင်းများ လုံခြုံရေးဆောင်ရွက်ရာ တွင် KIO/KIA အဖွဲ့ထောင်ထားသည့်မိုင်းကြောင့် တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရ


Share this post

ရန်ကုန်၊ ဇူလိုင် – ၁







(unicode)
ဗန်းမော်မြို့နယ်၌ တပ်မတော်စစ်ကြောင်းများ လုံခြုံရေးဆောင်ရွက်ရာ တွင် KIO/KIA အဖွဲ့ထောင်ထားသည့် မိုင်းကြောင့် တပ်မတော်သား အချို့ ထိခိုက်ဒဏ်ရာရ
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနောက်ခြမ်း၌ တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်ရာ၌ KIO/KIA အဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိ၍ တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗန်းမော်မြို့နယ်၌ သစ်မှောင်ခိုနှင့် နိုင်ငံသယံဇာတများကို ခိုးထုတ်နေခြင်းကြောင့် ထားဆီးရန် ဒေသခံများက အုပ်ချုပ်ရေးအဖွဲ့အသီးသီးထံ တိုင်ကြားခဲ့သည်။

ဇွန်(၂၉)ရက်နေ့၌ တပ်မတော်မှ ဗန်းမော်မြို့အနောက်ခြမ်းသို့ နယ်မြေလုံခြုံရေး သွားရောက်ဆောင်ရွက်ရာ၌ KIO/KIA အဖွဲ့ထောင်ထားသည် မိုင်းပေါက်ကွဲ၍ တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိအချိန်၌ တပ်မတော်နှင့် KIO/KIA အဖွဲ့သည့် ပဏာမအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်လက် မှတ်ရေးထိုးနိုင်ရန် ဆွေးဆွေးလျက်ရှိသည်။

ထို့အတူ ပြီးခဲ့သည့် လ၌ တပ်မတော်ခေါင်းဆောင်များသည် KIO/KIA ထိန်းချုပ်သည့်ဒေသကို သွားရောက်ပြီး COVID-19 အထောက်အကူပြုပစ္စည်းများကို တပ်ချုပ်၏ ညွှန်ကြားချက်ဖြင့် သွားရောက်လှူဒါန်းခဲ့သည်။

#PeopleMedia #KIO/KIA #Peace #တပ်မတော်


Share this post