• Follow Us on

Home ဗလာဒီမာပူတင်ရဲ့ နျူကလီးယားတပ်ဖွဲ့များ အမြင့်ဆုံးတပ်လှန့်ထားမှု လုံးဝ လက်မခံနိုင်ကြောင်း အမေရိကန် ပြော

ဗလာဒီမာပူတင်ရဲ့ နျူကလီးယားတပ်ဖွဲ့များ အမြင့်ဆုံးတပ်လှန့်ထားမှု လုံးဝ လက်မခံနိုင်ကြောင်း အမေရိကန် ပြော

Share this post

Open photo

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ရုရှားသမ္မတဗလာဒီမာပူတင်က နျူကလီးယားတပ်ဖွဲ့တွေကို အမြင့်ဆုံးတပ်လှန့်ထားလိုက်တာဟာ နောက်ထပ် ကျူးကျော်မှုတစ်ခုပြုလုပ်ဖို့ လုပ်ကြံဇာတ်လမ်းထွင်ခြိမ်းခြောက်လိုက်တာဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး အဲဒီ လိုတပ်လှန့်လိုက်တယ်ဆိုတာဟာ ယူကရိန်းကျူးကျော်စစ်ကို အရှိန်မြှင့်တင်လိုက်တာဖြစ်ပြီး လုံးဝလက်မခံနိုင် ကြောင်း အမေရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“ဒီပဋိပက္ခကနေတစ်ဆင့် ရုရှားသမ္မတပူတင်ထုတ်ဖော်ပြသလိုက်တဲ့ နည်းလမ်းတစ်ခုကို ကျွန်တော်တို့ မြင်တွေ့ လိုက်ရတာပါ။ ဒါကတော့ နောက်ထပ်ကျူးကျော်မှုပြုလုပ်ဖို့အတွက် တကယ်မရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ဖန် တီးလိုက်တာပါ။” လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်းရေးမှုူး ဂျန်းဆာကီက ABC သတင်းဌာနကို ပြောပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးလ်ဒ်ကတော့ ပြင်းထန်တဲ့အသုံးနှုန်းတွေ သုံးပြီး သမ္မတပူတင်ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

“ဒီအဓိပ္ပာယ်က သမ္မတပူတင်က လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကို ဆက်လက်အရှိန်မြှင့်တင်တော့မယ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါဟာ လုံးဝကို လက်မခံနိုင်တဲ့လုပ်ရပ်ပါပဲ။” လို့ သောမတ်ဂရင်းဖီးလ်ဒ်က CBS သတင်းဌာနနဲ့ အင် တာဗျူးတစ်ခုမှာ ပြောဆိုလိုက်ခဲ့ပါတယ်။

 

ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာဒုတိယအကြီးမားဆုံး နျူကလီးယားလက်နက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး ရုရှား နိုင်ငံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အဓိကအင်အားတစ်ရပ်ဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည်ပေါင်းများစွာကိုလည်း လျှို့ဝှက် စွာထိန်းသိမ်းထားတဲ့နိုင်ငံဖြစ်ပါတယ်။

 

အနောက်နိုင်ငံတွေဟာ ရုရှားနိုင်ငံကို ရန်လိုတဲ့ခြေလှမ်းတွေလှမ်းလာဖို့ပြင်ဆင်နေတာကို မြင်တွေ့နေရတဲ့ အ တွက် သူ့အနေနဲ့ ရုရှားနိုင်ငံရဲ့နျူကလီးယားတပ်ဖွဲ့ဝင်တွေကို အမြင့်ဆုံးတပ်လှန့်ထားရတာဖြစ်တယ်လို့ ပူတင် က ပြောပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားကို ပြစ်တင်ရှုတ်လိုက်ပြီး စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

 

Ref: Vladimir Putin’s nuclear alert ‘totally unacceptable’: US

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Vladimir Putin’s nuclear alert ‘totally unacceptable’: US

 

#PeopleMedia


Share this post