• Follow Us on

Home AUKUS သုံးပွင့်ဆိုင်စာချုပ်အား အာဆီယံနိုင်ငံများ သဘောတူညီထောက်ခံရန် မလေးရှားမျှော်လင့်

AUKUS သုံးပွင့်ဆိုင်စာချုပ်အား အာဆီယံနိုင်ငံများ သဘောတူညီထောက်ခံရန် မလေးရှားမျှော်လင့်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃ (People Media)

 

သြစတေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့၏ သုံးပွင့်ဆိုင်လုံခြုံရေးမဟာမိတ်စာချုပ်ချုပ်ဆိုခြင်း အပေါ် အာဆီယံနိုင်ငံများက ရှင်းလင်းပြတ်သားစွာသဘောတူညီနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မလေးရှား အစိုးရက ပြောကြားလိုက်သည်။

 

AUKUS သုံးပွင့်ဆိုင်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ယင်းစာချုပ်အရ သြစတေးလျနိုင်ငံသည် အမေရိကန်နှင့် ဗြိတိန် ကထောက်ပံ့သည့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများရရှိမည်ဖြစ်ရာ ဒေသတွင်း စိုးရိမ်ပူပန်မှုများမြင့် တက်လာခဲ့သည်။ မဟာမိတ်စာချုပ်ချုပ်ဆိုလိုက်သည့်ရည်ရွယ်ချက်မှာ ဒေသတွင်း တရုတ်နိုင်ငံအင်အားကြီး ထွားလာမှုကို ဟန့်တားထိန်းချုပ်နိုင်ရန်ဖြစ်သည်။

 

လာမည့် အာဆီယံအစည်းအဝေးသည် AUKUS သုံးပွင့်ဆိုင်စာချုပ်ကို အာဆီယံနိုင်ငံများ အတူတကွပေါင်းစည်း ထောက်ခံကြရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးဟီရှန်မတ်ဒင်ဟူစိန်က မ လေးရှားလွှတ်တော်တွင်ပြောဆိုခဲ့သည်။

 

“ကျွန်တော်တို့ရဲ့အဆုံးသတ်ကစားပွဲက အမေရိကန်နဲ့ တရုတ်ကြားက အင်အားချိန်ခွင်လျှာညှိနေတာကို ထည့် မတွက်ဘဲ ကျွန်တော်တို့အာဆီယံဒေသတွင်း တည်ငြိမ်မှုကို တိကျသေချာအောင်ဆောင်ရွက်သွားနိုင်ဖို့ပဲဖြစ်ပါ တယ်။ ဒီအင်အားကြီးနှစ်နိုင်ငံကို ရင်ဆိုင်ရာမှာ အာဆီယံနိုင်ငံအချင်းချင်းကြားမှာ နားလည်မှုရှိတာဟာ ကျွန် တော်တို့ကို အထောက်အကူပြုမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

ဒေသတွင်းအမေရိကန် တပ်ဖြန့်ချထားမှုကို အားကိုးနေသော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး မိတ်ဖက်နိုင် ငံများဖြစ်နေသည့် အာဆီယံနိုင်ငံများမှာ AUKUS သုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့မှုကို ဒွိဟစိတ်ဖြင့်လက်ခံနေကြရသ လို အင်အားကြီးနှစ်နိုင်ငံကြား စစ်အေးတိုက်ပွဲသစ်ဖြစ်ပေါ်လာမည်ကို သံသယစိတ်ဖြင့် စောင့်ကြည့်နေကြ သည်။

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရိုလော့စင်းက သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်နှင့်ပတ်သက်၍ ပြည်ပနိုင်ငံများ ၏မဟာမိတ်စွမ်းရည်မြှင့်တင်ခြင်းသည် ဒေသတွင်းအင်အားချိန်ခွင်လျှာထိန်းညှိမှုကို ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့သည်။ အခြားနိုင်ငံများကမူ အလောတကြီးမှတ်ချက်ပြုပြောကြားခြင်းမရှိဘဲ သတိကြီးစွာ စောင့် ကြည့်နေသည်ကိုတွေ့ရသည်။

 

AUKUS သုံးပွင့်ဆိုင်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အချိန်တိုအတွင်း အင်ဒိုနီးရှားနိုင်ငံက ဒေသတွင်း ဆက်လက်ပြီး လက်နက်အပြိုင်တပ်ဆင်လာမည့်အရေးနှင့် နိုင်ငံချင်းအပြိုင်တပ်ဖြန့်လာမည့်အရေးကို အလွန်စိုးရိမ်ပူပန်မိ ကြောင်းပြောသည်။

 

မလေးရှားဝန်ကြီးချုပ်အစ္စမေးလ်ဆာဘရီဟာကွတ်ကမူ “AUKUS သုံးပွင့်ဆိုင်စာချုပ်သည် ဒေသတွင်း အထူး သဖြင့် တောင်တရုတ်ပင်လယ်ဒေသအတွင်း အခြားအင်အားကြီးနိုင်ငံများကို ပိုမိုရန်လိုသည့်အပြုအမူမျိုး ပြု လုပ်လာစေရန် တွန်းပို့ပေးနိုင်ကြောင်း” ပြောသည်။ ယင်းစာချုပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင်း နျူကလီးယား လက်နက်ပြိုင်ပွဲကို အစပျိုးပေးနိုင်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

သြစတေးလျသို့ထောက်ပံ့မည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပထမအသုတ်မှာ ၂၀၃၀ ပြည့်နှစ် နှောင်းပိုင်းကာလအထိ ဒေသတွင်း တပ်ဖြန့်ချထားနိုင်ဦးမည်မဟုတ်သောကြောင့် အာဆီယံအခြားနိုင်ငံများမှာ အခြေအနေကိုစောင့်ကြည့်လျက်ရှိသည်။

 

Ref: Malaysian Defense Minister Hoping for ASEAN Consensus on AUKUS

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Malaysian Defense Minister Hoping for ASEAN Consensus on AUKUS

 

#PeopleMedia


Share this post