• Follow Us on

Home ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်တွင် သေဆုံးသူများသည် ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ ပြတင်းပေါက်မှ ခုန်ချခြင်းကြောင့် အသက်သေဆုံးခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်

ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်တွင် သေဆုံးသူများသည် ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ ပြတင်းပေါက်မှ ခုန်ချခြင်းကြောင့် အသက်သေဆုံးခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဖြစ် ပေါ်ခဲ့သော အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး တိုက်ပေါ်မှ ခုန်ချသည့်ဖြစ်စဉ်၌ အဆိုပါအမျိုးသားနှင့် အမျိုး သမီးများသည် ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ ပြတင်းပေါက်မှ ခုန်ချခြင်းကြောင့် ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

 

အထက်ပါဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများကို လျှို့ဝှက်သိမ်းဆည်းထားကြောင်း သတင်းအရ ဗိုလ်တထောင် မြို့နယ် ၄၄ လမ်း၊ တိုက်အမှတ် (၁၆)၊ ၄ လွှာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာတွင် အဆိုပါ တိုက်ခန်းအတွင်းမှ သီဟကောင်းဆက်နှင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့အား အကြမ်းဖက်လုပ်ရပ်များ တွင် အသုံးပြုမည့် လက်လုပ်ဗုံး ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ဗျောက်အိုး ၅၀ ပါ အထုပ်နှစ်ထုပ်အပါအဝင် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ယင်းသို့ ဖမ်းဆီးမှုတွင် အခန်းအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ဖမ်းဆီးစစ်ဆေးခြင်းကို ခံ ယူခြင်းမရှိဘဲ အဆိုပါတိုက်ခန်းရှိ အနောက်ပြတင်းပေါက်မှ ခုန်ချခဲ့သဖြင့် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော် ပြပါရှိသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများကို ရဲလုပ်ငန်းစဉ်များအရ သေမှုသေခင်းဖြင့် အမှုဖွင့်ကာ ဆောင် ရွက်လျက်ရှိပြီး ဒဏ်ရာရရှိသူများကို တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိ ကြောင်း ဖမ်းဆီးရမိသည့် တရားခံများနှင့် ဆက်စပ်တရားခံများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #ဗိုလ်တထောင်

 

(unicode)


……………………………………………………………………

 


 


 


 


 




Share this post