• Follow Us on

Home ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်တွေ့ရှိနေသည့် ဒါနန်းမြို့ကို အသွားအလာကန့်သတ်


Share this post

ဟနွိုင်း၊ ဇူလိုင် ၂၈










#PeopleMedia

(unicode)
ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်တွေ့ရှိနေသည့် ဒါနန်းမြို့ကို အသွားအလာကန့်သတ်
………………………………………………………

ဟနွိုင်း၊ ဇူလိုင် ၂၈

ခရီးသွားများကြားလူသိများသည့်ဒါနန်းမြို့ကို ယနေ့မှစပြီး ၁၅ ရက်ကြာ အဝင်အထွက်ပိတ်လိုက်သည်ဟု ဗီယက်နမ်နိုင်ငံကကြေညာသည်။

မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းဆုံး ၁၄ ယောက်ရှိလာပြီးနောက် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။

အဝင်အထွက်လေယာဉ်ခရီးစဉ်များသာမက ဘတ်စ်ကားနှင့်ရထားခရီးစဉ်များကိုပါရပ်ဆိုင်းထားသည်ဟု အစိုးရထုတ်ပြန်ချက်တွင်ပါဝင်သည်။

အနည်းဆုံးရက်ပေါင်း ၁၀၀ အတွင်း ပထမဆုံးပြည်တွင်းကူးစက်မှုများကိုတွေ့ရှိပြီးနောက် ကန့်သတ်မှုများ ထပ်မံပြုလုပ်ခြင်းဖြစ်သည်။

ဒါနန်မြို့မှအသက် ၅၇ နှစ်အရွယ်အမျိုးသားတစ်ယောက်တွင် စနေနေ့၌ရောဂါကူးစက်ကြောင်းအတည်ပြုနိုင်ပြီး နောက် ကူးစက်ခံရသူ ၁ ဒါဇင်ကျော်တွေ့ရှိနေသည်။

ဒါနန်းမြို့မှကူးစက်မှုအသစ်အများစုသည် ဆေးရုံ ၃ ခုနှင့်ဆက်စပ်နေပြီး ယနေ့မနက် ၁၂ နာရီမှစ၍ နောက်ထပ် တစုံတရာအသိပေးချက်မရမချင်း အလုံပိတ်ကန့်သတ်မှုများလုပ်ထားမည်ဟု မြို့ဝက်ဆိုက်တွင်ဖော်ပြထား သည်။

ဗီယက်နမ်တွင် ကူးစက်ခံရသူစုစုပေါင်း ၄၃၁ ယောက်ရှိနေပြီး သေဆုံးသူမရှိသဖြင့် ကပ်ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်ပြီး ချီးကျူးခံထားရသည်။

ဒါနန်းမြို့မှကူးစက်ခံရသူ ၂ ယောက်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု ဗီယက်နမ်ကျန်းမာရေး ဝန် ကြီးကပြောသည်။

Ref : Vietnam curbs movement in city of 1.1 million as virus-free run ends

#PeopleMedia


Share this post