• Follow Us on

Home ရန်ကုန်မြို့ရှိ ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရဲစခန်း ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းနှင့် ဓမ္မာရုံအနီး၌ ကျရောက်ပေါက်ကွဲ

ရန်ကုန်မြို့ရှိ ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရဲစခန်း ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းနှင့် ဓမ္မာရုံအနီး၌ ကျရောက်ပေါက်ကွဲ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (People Media)

 

ယနေ့ နံနက် ၆ နာရီကျော်ခန့်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ မြို့မရဲစခန်းသည် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းနှင့် ဓမ္မာရုံအနီး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

 

“ဒီနံနက် ပစ်ခတ်ခံရတာပါ။ ကြီးကြီးမားမား ထိခိုက်မှုမရှိပါဘူး။ ရဲတပ်ဖွဲ့ဝင်တစ်ဦးသာ အနည်းငယ်ထိခိုက်မှု ရရှိခဲ့ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ဒဂုံ(ဆိပ်ကမ်း)မြို့နယ် မြို့မရဲစခန်းသည် အမှတ်(၉၁)ရပ်ကွက်၊ ပဲခူးမြစ်လမ်း၌ တည်ရှိပြီး အဆိုပါ ရဲစခန်းသည် ယနေ့နံနက်ပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရသည်။

 

ထိုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ရဲစခန်းနှင့် ဓမ္မာရုံအနီး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ဒဂုံဆိပ်ကမ်းမြို့နယ် #၄၀မမ

 

(unicode)


……………………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post