• Follow Us on

Home ဘဂၤလားေဒ့ရွ္ေလတပ္ ျမန္မာႏုိင္ငံနယ္စစ္အနီး၌ စစ္ေရးေလ့က်င့္မႈမ်ားျပဳလုပ္ေန

ဘဂၤလားေဒ့ရွ္ေလတပ္ ျမန္မာႏုိင္ငံနယ္စစ္အနီး၌ စစ္ေရးေလ့က်င့္မႈမ်ားျပဳလုပ္ေန

Share this post

ဒါကာ၊ စက္တင္ဘာ ၂၉
 
ဘဂၤလားေဒ့႐ွ္ေလတပ္က ADEX-2020-2 ဟုအမည္ေပးထားသည့္ေလေၾကာင္းစစ္ေရးေလ့က်င့္မႈကို ဒါကာ၊ စစ္တေကာင္း၊ ေကာ့က္စ္ဘဇား၊ ေမာ္ဗီဘဇား၊ တန္ေဂးႏွင့္ ဘိုဂူရာခ႐ိုင္တို႔တြင္ တနဂၤေႏြေန႔ကစတင္ၿပီး ျပဳလုပ္ေနသည္။
 
ဘဂၤလားေဒ့ရွ္ပိုင္ စစ္တေကာင္း၊ ေကာ့က္စ္ဘဇား၊ ေမာ္ဗီဘဇား၊ တန္ေဂးႏွင့္ ဘိုဂူရာခရိုင္တို႔သည္ ျမန္မာ နယ္စပ္အနီးရွိၿမိဳ႕မ်ားျဖစ္သည္။
 
ေလ့က်င့္ေရးရည္႐ြယ္ခ်က္သည္ ဘဂၤလားေဒ့႐ွ္ေလေၾကာင္းကာကြယ္ေရးစြမ္းရည္ႏွင့္အရည္အေသြးကို အကဲျဖတ္တြက္ခ်က္ရန္ႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေနာက္ထပ္တိုးတက္ေရးအတြက္ အား နည္းခ်က္မ်ားကိုေဖာ္ထုတ္ၿပီး သင္ခန္းစာယူရန္ျဖစ္သည္။
 
ေလ့က်င့္ခန္းတစိတ္တပိုင္းအေနျဖင့္ ေလယာဥ္မႈမ်ားသည္ ေလေၾကာင္းစစ္ကစားျခင္းႏွင့္ ဗ်ဴဟာမ်ားကို ေလ့က်င့္ရသည္ဟု ဘဂၤလားေဒ့႐ွ္တပ္မေတာ္ျပန္ၾကားေရးဌာနကထုတ္ျပန္သည္။
 
တိုက္ခိုက္ေရးေလယာဥ္၊ သယ္ပို႔ေလယာဥ္၊ ေရဒါတပ္ဖြဲ႔ႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရးဒံုးက်ည္တပ္ဖြဲ႔မ်ား ေလ့က်င့္မႈတြင္ပါ၀င္ေနသည္။
 
ေလ့က်င့္မႈတြင္ ေလေၾကာင္းရန္ကာကြယ္ေရးအေထာက္အထားျပဇုန္၏နယ္ေျမကို ပထမဆံုးအေနျဖင့္ ခ်ဲ႕ထြင္ျပဳလုပ္ခဲ့သည္။
 
ေလ့က်င့္မ်ားပိုမိုသက္ေရာက္မႈ႐ွိရန္ႏွင့္ သဘာ၀က်ရန္ ဘဂၤလားေဒ့႐ွ္ေရတပ္ကလည္း ပမာဏအကန္႔ အသတ္ျဖင့္ပါ၀င္ခဲ့သည္။
 
Ref : BAF Air Defence Exercise ‘ADEX-2020-2’ held
 
#PeopleMedia
 
(Unicode)
ဘင်္ဂလားဒေ့ရှ်လေတပ် မြန်မာနိုင်ငံနယ်စစ်အနီး၌ စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေ
………………………………
 
ဒါကာ၊ စက်တင်ဘာ ၂၉
 
ဘင်္ဂလားဒေ့ရှ်လေတပ်က ADEX-2020-2 ဟုအမည်ပေးထားသည့်လေကြောင်းစစ်ရေးလေ့ကျင့်မှုကို ဒါကာ၊ စစ်တကောင်း၊ ကော့က်စ်ဘဇား၊ မော်ဗီဘဇား၊ တန်ဂေးနှင့် ဘိုဂူရာခရိုင်တို့တွင် တနင်္ဂနွေနေ့ကစတင်ပြီး ပြုလုပ်နေသည်။
 
ဘင်္ဂလားဒေ့ရှ်ပိုင် စစ်တကောင်း၊ ကော့က်စ်ဘဇား၊ မော်ဗီဘဇား၊ တန်ဂေးနှင့် ဘိုဂူရာခရိုင်တို့သည် မြန်မာ နယ်စပ်အနီးရှိမြို့များဖြစ်သည်။
 
လေ့ကျင့်ရေးရည်ရွယ်ချက်သည် ဘင်္ဂလားဒေ့ရှ်လေကြောင်းကာကွယ်ရေးစွမ်းရည်နှင့်အရည်အသွေးကို အကဲဖြတ်တွက်ချက်ရန်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်နောက်ထပ်တိုးတက်ရေးအတွက် အား နည်းချက်များကိုဖော်ထုတ်ပြီး သင်ခန်းစာယူရန်ဖြစ်သည်။
 
လေ့ကျင့်ခန်းတစိတ်တပိုင်းအနေဖြင့် လေယာဉ်မှုများသည် လေကြောင်းစစ်ကစားခြင်းနှင့် ဗျူဟာများကို လေ့ကျင့်ရသည်ဟု ဘင်္ဂလားဒေ့ရှ်တပ်မတော်ပြန်ကြားရေးဌာနကထုတ်ပြန်သည်။
 
တိုက်ခိုက်ရေးလေယာဉ်၊ သယ်ပို့လေယာဉ်၊ ရေဒါတပ်ဖွဲ့နှင့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တပ်ဖွဲ့များ လေ့ကျင့်မှုတွင်ပါဝင်နေသည်။
 
လေ့ကျင့်မှုတွင် လေကြောင်းရန်ကာကွယ်ရေးအထောက်အထားပြဇုန်၏နယ်မြေကို ပထမဆုံးအနေဖြင့် ချဲ့ထွင်ပြုလုပ်ခဲ့သည်။
 
လေ့ကျင့်များပိုမိုသက်ရောက်မှုရှိရန်နှင့် သဘာဝကျရန် ဘင်္ဂလားဒေ့ရှ်ရေတပ်ကလည်း ပမာဏအကန့် အသတ်ဖြင့်ပါဝင်ခဲ့သည်။
 
Ref : BAF Air Defence Exercise ‘ADEX-2020-2’ held
 
#PeopleMedia

Share this post