• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာတပ်ဖွဲ့ဝင် ၂၅၀၀ ကျော်နေရာယူ


Share this post

ဒါကာ၊ စက်တင်ဘာ ၁၆







#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာတပ်ဖွဲ့ဝင် ၂၅၀၀ ကျော်နေရာယူ
…………………………………………

ဒါကာ၊ စက်တင်ဘာ ၁၆

စနေနေ့မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသောမြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်နှင့်ချင်းပြည်နယ်များတွင် မြန်မာနိုင်ငံက တပ်ဖွဲ့ဝင် ၂၅၀၀ ကျော်ကို ထပ်မံနေရာယူထားသည်။

မြန်မာအစိုးရကအကြမ်းဖက်အဖြစ်ကြေညာထားသည့် အေအေတပ်ဖွဲ့ကိုနှိမ်နှင်းရန်အကြောင်းပြပြီး တပ်ဖွဲ့ဝင်များနှင့်လက်နက်များရုတ်တရက်ဖြန့်ကျက်နေရာချခြင်းဟု ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအေ ဂျင်စီတစ်ခုကပြောသည်။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့်ပတ်သက်၍ သောကြာနေ့နှင့်စနေနေ့တို့တွင် နေပြည်တော်၌ ဗိုလ်ချုပ်ကြီးတစ် ေယာက်ဦးဆောင်ပြီး အစည်းအဝေး ၂ ခုပြုလုပ်ခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များကပြောသည်။

ရခိုင်ပြည်နယ်မှအေအေတပ်ဖွဲ့သည် အကြမ်းဖက်လှုပ်ရှားမှုများလုပ်နေကြောင်း အစည်းအဝေးများတွင်စွပ်စွဲခဲ့ပြီး အေအေတပ်ဖွဲ့နှင့်ပတ်သက်၍ လှုပ်ရှားမှုတစိတ်တပိုင်းအနေဖြင့် တပ်ဖွဲ့များထပ်တိုးရန် အရာရှိများက ဆုံးဖြတ်ခဲ့သည်။

တစ်ချိန်တည်းတွင် နိုင်ခွန်ချာရီနှင့်ဘန်ဒါပန်တို့တွင်နေထိုင်ကြသည့်ဘင်္ဂါလီများက ယာဉ်များလှုပ်ရှားနေ သည်ကို သတိပြုမိသည်ဟုပြောသည်။

Ref : Myanmar deploys over 2,500 more troops near Bangladesh border

#PeopleMedia


Share this post