• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဖမ်းဆီးထားဟုဆို


Share this post

ဒါကာ၊ စက်တင်ဘာ ၉






#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဖမ်းဆီးထားဟုဆို
…………………………………….

ဒါကာ၊ စက်တင်ဘာ ၉

ဘန်ဒါဘန်မှနိုင်ခရန်ချာရီခရိုင်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က တနင်္လာနေ့ညနေခင်းတွင် ဖမ်းဆီးထားသည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၂ နှစ်ရှိသူ မူဟာမက် ယူဆွတ်ဆိုသူလယ်သမားတစ်ယောက်ဖြစ်ပြီး နွားကျောင်းနေစဉ် သူ့ကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။

နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်မပြုသည့်နယ်မြေတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ခရိုင်အုပ်ချုပ်ရေးရုံးမှအရာရှိတစ်ယောက်ကပြောသည်။

ခရိုင်အာဏာပိုင်များက ယူဆွတ်ကို ကယ်ဆယ်ရန်ကြိုးစားခဲ့ပြီး သူ့ကို မြန်မာနယ်ခြားစောင့်ရဲများက ခေါ်သွားခြင်းရှိ၊ မရှိစိစစ်နေသည်ဟုလည်း ထိုအရာရှိကပြောသည်။

သတင်းပေးများကိုအသုံးပြုပြီး ယူဆွတ်မည်သည့်နေရာရောက်နေကြောင်းဖော်ထုတ်ရန်ကြိုးစားနေသည်ဟု ယူဆွတ်နေထိုင်ရာရွာမှအုပ်ချုပ်ရေးမှူးကပြောသည်။
Ref : Bangladeshi abducted along Naikhyangchari border

#PeopleMedia


Share this post