• Follow Us on

Home ဘဂၤါလီမ်ားကို မဲေပးခြင့္ျပဳရန္ ျမန္မာႏိုင္ငံကို ဥေရာပသမဂၢတိုက္တြန္း

ဘဂၤါလီမ်ားကို မဲေပးခြင့္ျပဳရန္ ျမန္မာႏိုင္ငံကို ဥေရာပသမဂၢတိုက္တြန္း

Share this post

ဘရပ္ဆဲလ္၊ ႏို၀င္ဘာ ၁၁
 
ျမန္မာေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားတြင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားအပါအ၀င္ လူမ်ိဳးစုႏွင့္ ဘာသာေရးလူနည္းစုမ်ားပါ၀င္ေစရန္ ဥေရာပသမဂၢ(အီးယူ)က ျမန္မာႏိုင္ငံကို တနလၤာေန႔တြင္တိုက္တြန္း သည္။
 
ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ခဲ့သည့္ေနရာမ်ားတြင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ားအျမန္ဆံုးက်င္းပႏိုင္မည္ဟု ေမွ်ာ္လင့္ေနေၾကာင္းလည္းေျပာၿပီး ထိုလုပ္ငန္းစဥ္မ်ားသည္ ဒီမိုကေရစီလုပ္ငန္းစဥ္မ်ားအတြက္ အေရးႀကီးေၾကာင္းလည္း အသိေပးသည္။
 
ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္ကိုက္ညီၿပီး အေကာင္းဆံုးအေလ့အထမ်ားႏွင့္ကိုက္ညီသည့္ ေ႐ြးေကာက္ပြဲ စည္းကမ္းထိန္းသိမ္းေရးကြန္ရက္အျဖစ္ႁမွင့္တင္ရန္လည္း အဖြဲ႔၀င္ႏိုင္ငံမ်ားက ျမန္မာႏိုင္ငံကို တိုက္တြန္းခဲ့သည္။
 
တနဂၤေႏြေန႔တြင္ ျမန္မာႏိုင္ငံ၌ အေထြေထြေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီး ပါတီ ၉၀ ေက်ာ္က မဲဆႏၵနယ္ ၁၁၇၁ ေနရာအတြက္ ၀င္ေရာက္ေ႐ြးေကာက္ခံခဲ့သည္။
 
ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္၏ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ဒုတိယ သက္တမ္းအႏိုင္ရမည္ဟု ခန္႔မွန္းေနၾကၿပီး မဲဆႏၵ႐ွင္သန္းခ်ီကို မဲေပးခြင့္ပိတ္ပင္ထားသျဖင့္ ေလ့လာေစာင့္ၾကည့္သူမ်ားက ေ႐ြးေကာက္ပြဲယံုၾကည္ရမႈအေပၚေမးခြန္းထုတ္ေနၾကသည္။
 
: EU calls on Myanmar to include Rohingya in voting
 
#PeopleMedia
 
(unicode)
ဘင်္ဂါလီများကို မဲပေးခွင့်ပြုရန် မြန်မာနိုင်ငံကို ဥရောပသမဂ္ဂတိုက်တွန်း
…………………………………….
 
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၁
 
မြန်မာရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များအပါအဝင် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုများပါဝင်စေရန် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံကို တနင်္လာနေ့တွင်တိုက်တွန်း သည်။
 
ရွေးကောက်ပွဲမလုပ်နိုင်ခဲ့သည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲများအမြန်ဆုံးကျင်းပနိုင်မည်ဟု မျှော်လင့်နေကြောင်းလည်းပြောပြီး ထိုလုပ်ငန်းစဉ်များသည် ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် အရေးကြီးကြောင်းလည်း အသိပေးသည်။
 
နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး အကောင်းဆုံးအလေ့အထများနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲ စည်းကမ်းထိန်းသိမ်းရေးကွန်ရက်အဖြစ်မြှင့်တင်ရန်လည်း အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။
 
တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ပါတီ ၉၀ ကျော်က မဲဆန္ဒနယ် ၁၁၇၁ နေရာအတွက် ဝင်ရောက်ရွေးကောက်ခံခဲ့သည်။
 
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒုတိယ သက်တမ်းအနိုင်ရမည်ဟု ခန့်မှန်းနေကြပြီး မဲဆန္ဒရှင်သန်းချီကို မဲပေးခွင့်ပိတ်ပင်ထားသဖြင့် လေ့လာစောင့်ကြည့်သူများက ရွေးကောက်ပွဲယုံကြည်ရမှုအပေါ်မေးခွန်းထုတ်နေကြသည်။
 
: EU calls on Myanmar to include Rohingya in voting
 
#PeopleMedia

Share this post