• Follow Us on

Home ဘဂၤါလီမ်ားေနရပ္ျပန္ေရး ျမန္မာ-ဘဂၤလားေဒ့႐ွ္-တ႐ုတ္ ၃ ႏိုင္ငံေဆြးေႏြးမႈမ်ားစတင္ႏိုင္ရန္ ဘဂၤလားေဒ့႐ွ္ ေမွ်ာ္လင့္

ဘဂၤါလီမ်ားေနရပ္ျပန္ေရး ျမန္မာ-ဘဂၤလားေဒ့႐ွ္-တ႐ုတ္ ၃ ႏိုင္ငံေဆြးေႏြးမႈမ်ားစတင္ႏိုင္ရန္ ဘဂၤလားေဒ့႐ွ္ ေမွ်ာ္လင့္

Share this post

ဒါကာ၊ ႏို၀င္ဘာ ၁၀
 
ျမန္မာႏိုင္ငံတြင္အစိုးရသစ္ဖြဲ႔စည္းၿပီးေနာက္ သံုးႏိုင္ငံလုပ္ငန္းေဆာင္႐ြက္မႈယႏၲရားျဖင့္ ဘဂၤါလီ(မူရင္းတြင္႐ို ဟင္ဂ်ာဟုေဖာ္ျပ)မ်ား ေနရပ္ျပန္ေရးေဆြးေႏြးမႈမ်ား ျပန္လည္စတင္ႏိုင္ရန္ အျပဳသေဘာေဆာင္ေမွ်ာ္လင့္ ခ်က္မ်ား႐ွိေနေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္က တနလၤာေန႔တြင္ေျပာသည္။
 
မၾကာမီေဆြးေႏြးမႈမ်ားစတင္မည္ဟုလည္း သတင္းေထာက္မ်ားကို မိုမန္ကေျပာသည္။
 
ဘဂၤါလီမ်ားေႏွာင့္ေႏွးျခင္းမ႐ွိဘဲေနရပ္ျပန္ႏိုင္ေရးအတြက္ ႏိုင္ငံျခားေရး၀န္ႀကီးအဆင့္ ၃ ပြင့္ဆိုင္ေဆြးေႏြး မႈမ်ားကို ေဘက်င္းၿမိဳ႕တြင္ျပဳလုပ္ႏိုင္ရန္ ၃ ႏိုင္ငံစီစဥ္ေနသည္။
 
နည္းလမ္းမ်ိဳးစံုျဖင့္ ဘဂၤါလီမ်ားေနရပ္ျပန္ႏိုင္ေရး ျမန္မာႏိုင္ငံက ကတိက၀တ္ျပဳခဲ့ေသာ္လည္း ၿပီးခဲ့သည့္ ၃ ႏွစ္အတြင္း တရား၀င္လမ္းေၾကာင္းမွျပန္လာသူတေယာက္မွမ႐ွိဘဲ မိမိဆႏၵအေလ်ာက္ျပန္လာသူမ်ားသာ ႐ွိေနသည္။
 
ဘဂၤါလီမ်ားၾကားတြင္ ျမန္မာဘက္ကသာေျဖ႐ွင္းႏိုင္မည့္ ယံုၾကည္မႈေလ်ာ့ပါးျခင္းမ်ား႐ွိေနသည္ဟုလည္း ႏိုင္ငံျခားေရး၀န္ႀကီးကေျပာသည္။
 
ႏိုင္ငံသားမ်ားကိုျပန္ေခၚယူမည္ဟုကတိျပဳထားသည့္အျပင္ ျမန္မာဘက္ကျပဳလုပ္ၿပီးသည့္လုပ္ငန္းမ်ား အေၾကာင္း အသိေပးသည့္စာအုပ္ငယ္ကို ရခိုင္ျပည္နယ္မွအေျခအေနကိုသိရန္ ဘဂၤါလီမ်ားသိေစရန္ ေပးေ၀သြားမည္ဟုလည္း ျမန္မာဘက္က အသိေပးထားသည္။
 
ယခုျဖစ္လာႏိုင္ေခ်႐ွိေနသည့္ ၃ ပြင့္ဆိုင္ေဆြးေႏြးမႈသည္ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမဆံုးအႀကိမ္သည္ နယူးေယာက္ၿမိဳ႕တြင္ျပဳလုပ္ခဲ့သည္။
 
ဘဂၤါလီမ်ားေနရပ္မျပန္ႏိုင္ပါက ေဒသတြင္းႏွင့္ႏိုင္ငံတကာလံုျခံဳမႈကိုပ်က္စီးေစႏိုင္သည္ဟု မိုမန္က မၾကာေသးမီကေျပာထားသည္။
 
Ref : Rohingya repatriation: Dhaka hopeful of tripartite talks
 
#PeopleMedia
 
(unicode)
ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ နိုင်ငံဆွေးနွေးမှုများစတင်နိုင်ရန် ဘင်္ဂလားဒေ့ရှ် မျှော်လင့်
…………………………………………………………..
 
ဒါကာ၊ နိုဝင်ဘာ ၁၀
 
မြန်မာနိုင်ငံတွင်အစိုးရသစ်ဖွဲ့စည်းပြီးနောက် သုံးနိုင်ငံလုပ်ငန်းဆောင်ရွက်မှုယန္တရားဖြင့် ဘင်္ဂါလီ(မူရင်းတွင်ရို ဟင်ဂျာဟုဖော်ပြ)များ နေရပ်ပြန်ရေးဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန် အပြုသဘောဆောင်မျှော်လင့် ချက်များရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်က တနင်္လာနေ့တွင်ပြောသည်။
 
မကြာမီဆွေးနွေးမှုများစတင်မည်ဟုလည်း သတင်းထောက်များကို မိုမန်ကပြောသည်။
 
ဘင်္ဂါလီများနှောင့်နှေးခြင်းမရှိဘဲနေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့် ၃ ပွင့်ဆိုင်ဆွေးနွေး မှုများကို ဘေကျင်းမြို့တွင်ပြုလုပ်နိုင်ရန် ၃ နိုင်ငံစီစဉ်နေသည်။
 
နည်းလမ်းမျိုးစုံဖြင့် ဘင်္ဂါလီများနေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံက ကတိကဝတ်ပြုခဲ့သော်လည်း ပြီးခဲ့သည့် ၃ နှစ်အတွင်း တရားဝင်လမ်းကြောင်းမှပြန်လာသူတယောက်မှမရှိဘဲ မိမိဆန္ဒအလျောက်ပြန်လာသူများသာ ရှိနေသည်။
 
ဘင်္ဂါလီများကြားတွင် မြန်မာဘက်ကသာဖြေရှင်းနိုင်မည့် ယုံကြည်မှုလျော့ပါးခြင်းများရှိနေသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
 
နိုင်ငံသားများကိုပြန်ခေါ်ယူမည်ဟုကတိပြုထားသည့်အပြင် မြန်မာဘက်ကပြုလုပ်ပြီးသည့်လုပ်ငန်းများ အကြောင်း အသိပေးသည့်စာအုပ်ငယ်ကို ရခိုင်ပြည်နယ်မှအခြေအနေကိုသိရန် ဘင်္ဂါလီများသိစေရန် ပေးဝေသွားမည်ဟုလည်း မြန်မာဘက်က အသိပေးထားသည်။
 
ယခုဖြစ်လာနိုင်ချေရှိနေသည့် ၃ ပွင့်ဆိုင်ဆွေးနွေးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်သည် နယူးယောက်မြို့တွင်ပြုလုပ်ခဲ့သည်။
 
ဘင်္ဂါလီများနေရပ်မပြန်နိုင်ပါက ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံမှုကိုပျက်စီးစေနိုင်သည်ဟု မိုမန်က မကြာသေးမီကပြောထားသည်။
 
Ref : Rohingya repatriation: Dhaka hopeful of tripartite talks
 
#PeopleMedia

Share this post