• Follow Us on

Home ဘဂၤါလီ ၅ ဦးကို ခိုးသြင္းသယ္ေဆာင္ခိုင္းသူမ်ားထံမွ တစ္ေသာင္းက်ပ္တန္ေငြစကၠဴအတုအရြက္ ၁၀၀ ေက်ာ္သိမ္းဆည္းရမိ

ဘဂၤါလီ ၅ ဦးကို ခိုးသြင္းသယ္ေဆာင္ခိုင္းသူမ်ားထံမွ တစ္ေသာင္းက်ပ္တန္ေငြစကၠဴအတုအရြက္ ၁၀၀ ေက်ာ္သိမ္းဆည္းရမိ

Share this post

မင္းလွ၊ ဇန္နဝါရီ – ၃၁

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ လက္ပံတံခါးေက်းရြာအနီးတြင္ ဖမ္းဆီးရမိေသာ ဘဂၤါလီ(၅)ဦးအား ခိုးသြင္း သယ္ေဆာင္ခိုင္းခဲ့သူမ်ားကို ရဲတပ္ဖြဲ႕မွဖမ္းဆီးထားၿပီး ၎တို႔ထံမွ တစ္ေသာင္းက်ပ္တန္ေငြစကၠဴအတု ၁၀၂ ရြက္ကို သိမ္းဆည္းရမိထားၾကာင္း မင္းလွၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

သယ္ေဆာင္ခိုင္းသူမ်ားမွာ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္တြင္ေနထိုင္ၾကသူမ်ားျဖစ္ၿပီး မေကြးၿမိဳ႕၊ မလိခ တည္း ခိုခန္း၌ တည္းခိုေနစဥ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း၊ ဘဂၤါလီသယ္ခိုင္းသူ မ်ိဳးမင္းမင္းထိုက္(ခ)ႏူအာလန္ႏွင့္ ဇနီးႏြယ္နီဇင္ျမင့္(ဘ) စလာပါဒင္တို႔ထံမွ ေငြစကၠဴအတုဟုယူဆရသည္မ်ားကို စစ္ေဆးေတြ႕ရွိထားေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

“စိစစ္ေတာ့ ေငြစကၠဴကအတု၊ အဲဒါကို ဗဟိုဘဏ္ဥပေဒနဲ႔အေရးယူဖို႔ အမႈဖြင့္ထားပါတယ္” ဟု မေကြး တိုင္းေဒသႀကီး၊ ဒုတိယတိုင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးခင္ေမာင္လတ္က အတည္ျပဳေျပာၾကားသည္။

လွည့္ကင္းရဲတပ္ဖြဲ႕မ်ားက ပုသိမ္-မုံရြာ ကားလမ္းမေပၚရွိ မသကၤာဖြယ္ Probox အဌားယာဥ္တစ္စီးကို စစ္ေဆး ခဲ့ရာမွ ဘဂၤါလီမ်ားခိုးဝင္ႏိုင္ရန္လမ္းျပသူ(၃)ဦးကို ဇန္ဝါရီလ ၂၉ရက္ေန႔တြင္ စတင္ဖမ္းမိခဲ့ၿပီး လက္ပံတံခါးေက်း ရြာအနီး၌ ခိုးဝင္ဘဂၤါလီ(၅)ဦးႏွင့္ လမ္းျပ(၃)ဦးကို ထပ္မံဖမ္းဆီးရခဲ့ေၾကာင္း၊ စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ဘဂၤါလီမ်ားကို သယ္ေဆာင္ခိုင္းခဲ့သူမ်ားကို ဖမ္းဆီးရမိခဲ့ကာ ေငြစကၠဴအတုမ်ားကို သိမ္းဆည္းရမိခဲ့ျခင္းလည္း ျဖစ္သည္။

ထို႔အျပင္ဖမ္းဆီးရမိခဲ့သူမ်ား၏ထြက္ဆိုခ်က္မ်ားအရ လမ္းျပသယ္ယူပို႔ေဆာက္သူမ်ား ဆက္လက္ဖမ္းဆီး ရမိခဲ့ၿပီး အျမန္လမ္း မိုင္တိုင္(၂၀၀)အနီးမွ လမ္းျပ ၄ ဦးကို ထပ္မံဖမ္းဆီးရမိခဲ့သည္။ ဖမ္းဆီးရမိခဲ့သည့္ ဘဂၤလီမ်ားကို သယ္ယူပို႔ေဆာင္လမ္းျပေနသူမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ မင္းလွၿမိဳ႕ နယ္မ်ားတြင္ေနထိုင္ၾကသူမ်ားျဖစ္ၿပီး စုစုေပါင္းသယ္ယူပို႔ေဆာင္လမ္းျပေနသူ (၁၃) ဦး ဖမ္းဆီးရမိခဲ့ကာ ၎တို႔အသုံးျပဳေနသည့္ Probox ေမာ္ေတာ္ယာဥ္(၂)စီး၊ Prado ေမာ္ေတာ္ယာဥ္တစ္စီးအပါအဝင္ ေမာ္ ေတာ္ဆိုင္ကယ္(၁)စီးကို သိမ္းဆည္းရမိခဲ့သည္။

ယင္းျဖစ္စဥ္မ်ားႏွင့္ပတ္သက္ၿပီး ဖမ္းဆီးရမိခဲ့သည့္ ဘဂၤလီလမ္းျပ(၁၃)ဦးကို ပအမွတ္ (ပ)၁၁/၂၀၂၀ ရာဇ သတ္ႀကီး ဥပေဒပုဒ္၃၆၇ ျဖင့္ ေရနံမနယ္ေျမရဲစခန္းက အမႈေရးဖြင့္ထားၿပီး ဒုရဲအုပ္သက္ႏိုင္ဦးက အမႈကို ဆက္လက္စစ္ေဆးေဆာင္ရြက္လွ်က္ရွိသည္။

ေဇယ်တု(မေကြး)၊ သက္ေနာင္

#PeopleMedia

(Unicode)
ဘင်္ဂါလီ ၅ ဦးကို ခိုးသွင်းသယ်ဆောင်ခိုင်းသူများထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတုအရွက် ၁၀၀ ကျော်သိမ်းဆည်းရမိ
…………………………………………………………

မင်းလှ၊ ဇန်နဝါရီ – ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာအနီးတွင် ဖမ်းဆီးရမိသော ဘင်္ဂါလီ(၅)ဦးအား ခိုးသွင်း သယ်ဆောင်ခိုင်းခဲ့သူများကို ရဲတပ်ဖွဲ့မှဖမ်းဆီးထားပြီး ၎င်းတို့ထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၁၀၂ ရွက်ကို သိမ်းဆည်းရမိထားကြာင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သယ်ဆောင်ခိုင်းသူများမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင်နေထိုင်ကြသူများဖြစ်ပြီး မကွေးမြို့၊ မလိခ တည်း ခိုခန်း၌ တည်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂါလီသယ်ခိုင်းသူ မျိုးမင်းမင်းထိုက်(ခ)နူအာလန်နှင့် ဇနီးနွယ်နီဇင်မြင့်(ဘ) စလာပါဒင်တို့ထံမှ ငွေစက္ကူအတုဟုယူဆရသည်များကို စစ်ဆေးတွေ့ရှိထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

“စိစစ်တော့ ငွေစက္ကူကအတု၊ အဲဒါကို ဗဟိုဘဏ်ဥပဒေနဲ့အရေးယူဖို့ အမှုဖွင့်ထားပါတယ်” ဟု မကွေး တိုင်းဒေသကြီး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်က အတည်ပြုပြောကြားသည်။

လှည့်ကင်းရဲတပ်ဖွဲ့များက ပုသိမ်-မုံရွာ ကားလမ်းမပေါ်ရှိ မသင်္ကာဖွယ် Probox အဌားယာဉ်တစ်စီးကို စစ်ဆေး ခဲ့ရာမှ ဘင်္ဂါလီများခိုးဝင်နိုင်ရန်လမ်းပြသူ(၃)ဦးကို ဇန်ဝါရီလ ၂၉ရက်နေ့တွင် စတင်ဖမ်းမိခဲ့ပြီး လက်ပံတံခါးကျေး ရွာအနီး၌ ခိုးဝင်ဘင်္ဂါလီ(၅)ဦးနှင့် လမ်းပြ(၃)ဦးကို ထပ်မံဖမ်းဆီးရခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဘင်္ဂါလီများကို သယ်ဆောင်ခိုင်းခဲ့သူများကို ဖမ်းဆီးရမိခဲ့ကာ ငွေစက္ကူအတုများကို သိမ်းဆည်းရမိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင်ဖမ်းဆီးရမိခဲ့သူများ၏ထွက်ဆိုချက်များအရ လမ်းပြသယ်ယူပို့ဆောက်သူများ ဆက်လက်ဖမ်းဆီး ရမိခဲ့ပြီး အမြန်လမ်း မိုင်တိုင်(၂၀၀)အနီးမှ လမ်းပြ ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီများကို သယ်ယူပို့ဆောင်လမ်းပြနေသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မင်းလှမြို့ နယ်များတွင်နေထိုင်ကြသူများဖြစ်ပြီး စုစုပေါင်းသယ်ယူပို့ဆောင်လမ်းပြနေသူ (၁၃) ဦး ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့အသုံးပြုနေသည့် Probox မော်တော်ယာဉ်(၂)စီး၊ Prado မော်တော်ယာဉ်တစ်စီးအပါအဝင် မော် တော်ဆိုင်ကယ်(၁)စီးကို သိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီလမ်းပြ(၁၃)ဦးကို ပအမှတ် (ပ)၁၁/၂၀၂၀ ရာဇ သတ်ကြီး ဥပဒေပုဒ်၃၆၇ ဖြင့် ရေနံမနယ်မြေရဲစခန်းက အမှုရေးဖွင့်ထားပြီး ဒုရဲအုပ်သက်နိုင်ဦးက အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

ဇေယျတု(မကွေး)၊ သက်နောင်

#PeopleMedia


Share this post