• Follow Us on

Home ဘန္ေကာက္ၿမိဳ႕တြင္ အေရးေပၚအေျခအေနေၾကညာမႈကို ထိုင္းအစိုးရအဖြဲ႕အတည္ျပဳ

ဘန္ေကာက္ၿမိဳ႕တြင္ အေရးေပၚအေျခအေနေၾကညာမႈကို ထိုင္းအစိုးရအဖြဲ႕အတည္ျပဳ

Share this post

ဖူးကတ္၊ ေအာက္တိုဘာ ၁၆
 
ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာကေခၚယူသည့္အေရးေပၚအစည္းအေ၀းတြင္ ဘန္ေကာက္ၿမိဳ႕၌ အေရး ေပၚအေျခအေနေၾကညာေၾကာင္း ေသာၾကာေန႔တြင္ အတည္ျပဳလိုက္သည္။
 
ဗုဒၶဟူးေန႔က လမ္းေပၚထြက္ဆႏၵျပမႈမ်ားအႀကီးအက်ယ္ျပဳလုပ္ခဲ့ၿပီးေနာက္ ၾကာသပေတးေန႔မနက္ပိုင္းတြင္ စတင္ထုတ္ျပန္ခဲ့သည့္ အေရးေပၚအမိန္႔အေၾကာင္းေဆြးေႏြးရန္ ဗိုလ္ခ်ဳပ္ႀကီး ပရာ႐ြတ္က အစိုးရအဖြဲ႔အစည္းအေ၀းေခၚယူခဲ့သည္။
 
အေျခအေနျပင္းထန္လာပါက ညမထြက္ရအမိန္႔ထုတ္ျပန္သြားမည္ဟုလည္း ပရာ႐ြတ္ကေျပာသည္။
 
လက္႐ွိအေျခအေနသည္ စစ္အုပ္ခ်ဳပ္ေရးေၾကညာရန္ မလိုအပ္ေသးေၾကာင္းလည္း သူကေျပာသည္။
 
ထိုင္းအမ်ိဳးသားလံုၿခံဳေရးေကာင္စီက အဆိုျပဳသည့္ ဘန္ေကာက္ၿမိဳ႕တြင္အေရးေပၚအမိန္႔တလၾကာ ထုတ္ျပန္ျခင္းကို အစိုးရအဖြဲ႔က တရား၀င္အသိအမွတ္ျပဳလိုက္သည္ဟု အစိုးရအဖြဲ႔အတြင္းေရးမွဴး႐ံုးကေ ၾကညာသည္။
 
ခါနာရတ္ဆာဒြန္၂၅၆၃ ဟုသူတို႔ကိုယ္သူတို႔ေခၚသည့္အဖြဲ႔က ဘန္ေကာက္ၿမိဳ႕ေနရာအမ်ားအျပားတြင္ လူအမ်ားစုေ၀းၾကရန္ လႈံ႔ေဆာ္ခဲ့ၿပီးေနာက္ အေရးေပၚအမိန္႔ထုတ္ျပန္ျခင္းဟု ေၾကညာခ်က္အရသိရသည္။
 
ဗုဒၶဟူးေန႔ဆႏၵျပပြဲေခါင္းေဆာင္မ်ားက ရတ္ခ်ာဒမ္ႏိုအန္လမ္း႐ွိ ဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္တြင္ အႀကီးအက်ယ္ဆႏၵျပၾကရန္တိုက္တြန္းခဲ့ၿပီးေနာက္ ညပိုင္းတြင္ ထိုင္းအစိုးရအိမ္ေတာ္အျပင္ဘက္ကို စီးနင္းထားေၾကာင္းလည္း ပါ၀င္သည္။
 
ဆႏၵျပပြဲမ်ားအတြင္း ဆႏၵျပေခါင္းေဆာင္မ်ားက အမ်ားျပည္သူစုေ၀းမႈဆိုင္ရာဥပေဒမ်ားကိုခ်ိဳး ေဖာက္ခဲ့သည့္အျပင္ ထိုင္းဘုရင္၏ယာဥ္တန္းကိုပိတ္ဆို႔ခဲ့ျခင္းအပါအ၀င္ အံုႂကြမႈမ်ားျဖစ္ေစရန္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ လႈံ႔ေဆာ္ခဲ့ေၾကာင္းလည္းေျပာသည္။
 
ထိုစုေ၀းမႈမ်ားသည္ ႏိုင္ငံ၏ထိခိုက္လြယ္ေသာစီးပြားေရးကိုသက္ေရာက္ႏိုင္သည့္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈထိန္း ခ်ဳပ္ရန္အစီအမံမ်ားကိုလည္း သက္ေရာက္မႈ႐ွိခဲ့သည္။
 
ထုိအေၾကာင္းျပခ်က္မ်ားေၾကာင့္ ထိုင္း၀န္ႀကီးခ်ဳပ္က ဘန္ေကာက္တြင္ ၾကာသပေတးေန႔ နံနက္ ၄ နာရီမွစတင္၍ အေရးေပၚအေျခအေနေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္း၀န္ႀကီးခ်ဳပ္က ဆံုးျဖတ္ခဲ့သည္ဟု ေၾကညာခ်က္အရသိရသည္။
 
ၾကာသပေတးေန႔ညပိုင္းတြင္လည္း ဘန္ေကာက္ၿမိဳ႕၏အဓိကစီးပြားေရးခ႐ိုင္တခုမွ ရတ္ခ်ာပရာဆြန္လမ္းဆံုတြင္ ဆႏၵျပသူမ်ားစုေ၀းခဲ့သည္။
 
Ref : Cabinet confirms state of emergency, curfew if protests escalate
 
#PeopleMedia
 
(unicode)
ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေကြေညာမှုကို ထိုင်းအစိုးရအဖွဲ့အတည်ပြု
………………………………………………
 
ဖူးကတ်၊ အောက်တိုဘာ ၁၆
 
ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကခေါ်ယူသည့်အရေးပေါ်အစည်းအဝေးတွင် ဘန်ကောက်မြို့၌ အရေး ပေါ်အခြေအနေကြေညာကြောင်း သောကြာနေ့တွင် အတည်ပြုလိုက်သည်။
 
ဗုဒ္ဓဟူးနေ့က လမ်းပေါ်ထွက်ဆန္ဒပြမှုများအကြီးအကျယ်ပြုလုပ်ခဲ့ပြီးနောက် ကြာသပတေးနေ့မနက်ပိုင်းတွင် စတင်ထုတ်ပြန်ခဲ့သည့် အရေးပေါ်အမိန့်အကြောင်းဆွေးနွေးရန် ဗိုလ်ချုပ်ကြီး ပရာရွတ်က အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူခဲ့သည်။
 
အခြေအနေပြင်းထန်လာပါက ညမထွက်ရအမိန့်ထုတ်ပြန်သွားမည်ဟုလည်း ပရာရွတ်ကပြောသည်။
 
လက်ရှိအခြေအနေသည် စစ်အုပ်ချုပ်ရေးကြေညာရန် မလိုအပ်သေးကြောင်းလည်း သူကပြောသည်။
 
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက အဆိုပြုသည့် ဘန်ကောက်မြို့တွင်အရေးပေါ်အမိန့်တလကြာ ထုတ်ပြန်ခြင်းကို အစိုးရအဖွဲ့က တရားဝင်အသိအမှတ်ပြုလိုက်သည်ဟု အစိုးရအဖွဲ့အတွင်းရေးမှူးရုံးကေ ကြညာသည်။
 
ခါနာရတ်ဆာဒွန်၂၅၆၃ ဟုသူတို့ကိုယ်သူတို့ခေါ်သည့်အဖွဲ့က ဘန်ကောက်မြို့နေရာအများအပြားတွင် လူအများစုဝေးကြရန် လှုံ့ဆော်ခဲ့ပြီးနောက် အရေးပေါ်အမိန့်ထုတ်ပြန်ခြင်းဟု ကြေညာချက်အရသိရသည်။
 
ဗုဒ္ဓဟူးနေ့ဆန္ဒပြပွဲခေါင်းဆောင်များက ရတ်ချာဒမ်နိုအန်လမ်းရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်တွင် အကြီးအကျယ်ဆန္ဒပြကြရန်တိုက်တွန်းခဲ့ပြီးနောက် ညပိုင်းတွင် ထိုင်းအစိုးရအိမ်တော်အပြင်ဘက်ကို စီးနင်းထားကြောင်းလည်း ပါဝင်သည်။
 
ဆန္ဒပြပွဲများအတွင်း ဆန္ဒပြခေါင်းဆောင်များက အများပြည်သူစုဝေးမှုဆိုင်ရာဥပဒေများကိုချိုး ဖောက်ခဲ့သည့်အပြင် ထိုင်းဘုရင်၏ယာဉ်တန်းကိုပိတ်ဆို့ခဲ့ခြင်းအပါအဝင် အုံကြွမှုများဖြစ်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် လှုံ့ဆော်ခဲ့ကြောင်းလည်းပြောသည်။
 
ထိုစုဝေးမှုများသည် နိုင်ငံ၏ထိခိုက်လွယ်သောစီးပွားရေးကိုသက်ရောက်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်း ချုပ်ရန်အစီအမံများကိုလည်း သက်ရောက်မှုရှိခဲ့သည်။
 
ထိုအကြောင်းပြချက်များကြောင့် ထိုင်းဝန်ကြီးချုပ်က ဘန်ကောက်တွင် ကြာသပတေးနေ့ နံနက် ၄ နာရီမှစတင်၍ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဆုံးဖြတ်ခဲ့သည်ဟု ကြေညာချက်အရသိရသည်။
 
ကြာသပတေးနေ့ညပိုင်းတွင်လည်း ဘန်ကောက်မြို့၏အဓိကစီးပွားရေးခရိုင်တခုမှ ရတ်ချာပရာဆွန်လမ်းဆုံတွင် ဆန္ဒပြသူများစုဝေးခဲ့သည်။
 
Ref : Cabinet confirms state of emergency, curfew if protests escalate
 
#PeopleMedia

Share this post